Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ၄၄ လမ်းအကြမ်းဖက်စီးနင်းမှုတွင် လူငယ် ၅ဦး အဖမ်းမခံဘဲ တိုက်​ပေါ်မှအ​သေခံခုန်ချ ၊ ၅ ဦးစလုံး​သေဆုံးဖို့များ​

း(​ဖြေသူ) “လို့ တိုက်​ပေါ်ကခုန်ချတဲ့လူငယ် ၅ဦး အ​ခြေအ​နေကိုအသံဖိုင်ကို​ပြောထားပါ​တယ်။

ရန်ကုန်မြို့ ဗိုလ်တ​ထောင် မြို့နယ် ၄၄ လမ်းမှာ အာဏာ သိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက ဒီ​နေ့ည​နေမှာ အကြမ်းဖက်ဝင်​ရောက်စီးနင်းတာမှာ လူငယ်​ငါးဦးဟာ တိုက်​​ခေါင်မိုးမှာနောက်​ဖေး​လှေခါးမရှိ​​ပေမယ့် အဖမ်းမခံခဲ့ အ​သေခံခုန်ချသွားကြတာဖြစ်ပြီး ငါးဦးစလုံး​သေဆုံးဖို့များ​ကြောင်း စစ်​ကောင်စီဖက်မှ ​ပေါက်ကြားလာတဲ့အသံဖိုင်အရ သိရပါတယ်။

အမျိုးသားငယ် ၄ ဦး ၊အမျိုးသမီးငယ် ၁ ဦးမှာ အကြမ်းဖက်စစ်​ကောင်စီတပ်​တွေရဲ့ဖမ်းဆီးခြင်းကို မခံဘဲ တိုက်​ပေါ်က​နေ အ​သေခံအလွတ်ခုန်ချသွားကြတာပါ။ သုံးဦးက ​သေသ​လောက်ဖြစ်​နေပြီး နှစ်ဦးက လည်း အသက်​ငွေ့​ငွေ့သာကျန်တယ်လို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း သတင်းပို့တဲ့အသံဖိုင်မှာ​ပြောထားပါတယ်။

“​ရှေ့အ​ပေါက်က ခုန်ချတာလား ​၊နောက်ပေါက်ကခုန်ချတာလား။ (​မေးသူ) ​နောက်အ​ပေါက်ကပါခင်ဗျ (​ဖြေသူ)-​သေချာကြည့်ဦး ​တောက်​ပေါက်ကလှေခါး​တွေ ၊တံခါး​တွေဘာ​တွေ​​ရောပြုတ်ကျ​နေလား၊လူကြည်ပဲကျတာလား၊အမြန်ဆင်းတဲ့တခါး​တွေပြုတ်ကျတာ​ရောရှိလား(​မေးသူ)။မရှိပါဘူးဗျ ။အလွတ်ကြီးကိုခုန်ချသွားတာပါခင်ဗျ(​ဖြေသူ) “လို့ စစ်​ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းသတင်းပို့​သော အသံဖိုင်တွင်​ပြောကြားပါတယ်။

“ကျား​ ၄ ၊မ ၁က သွားပြီလား အသက်ရှင်​သေးလား (​မေးသူ) ။အားလုံးမှာ ၃ ​ယောက်က​တော့ မ​ကောင်း​​တော့ဘူး ၊ ၂ ​ယောက်က​တော့ ​ငွေ့​ငွေ့​လေးပဲ ။အခု​တော့ သိပ်​တော့မ​​သေကြာ​တော့ဘူး(​ဖြေသူ) “လို့ တိုက်​ပေါ်ကခုန်ချတဲ့လူငယ် ၅ဦး အ​ခြေအ​နေကိုအသံဖိုင်ကို​ပြောထားပါ​တယ်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ကို အကြမ်းဖက်စီးနင်းမှုကို စစ်​ကောင်စီတပ်မှ ဗျူဟာမှူးဗိုလ်မှူး စိုးထွန်းဦး​ဆောင်ပြီး ပုဇွန်​တောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ဗိုလ်တ​ထောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ခရိုင်ရဲတပ်ဖွဲ့မှူး ​တွေပါဝင်တယ်လို့လည်း သိရပါတယ်။ အဆိုပါ အကြမ်းဖက်မှုမှာ လူငယ်တစ်ဦးကိုအရှင် ဖမ်းဆီးခဲ့တယ်လို့လည်း အသံဖိုင်မှာ​ပြောထားပါတယ်။

​သေဆုံးခဲ့​သော လူငယ် ၅ ဦးထဲမှ အမျိုးသမီးငယ်မှာ တစ်နှစ်​ကျော်အရွယ် ရင်​သွေးငယ်ရှိ​သော မိခင်တစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။