Connect with us

Hi, what are you looking for?

သတင်း

NUG ကိုယ်စားလှယ်ဦးစောဘလှသိန်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏နာရေးသို့ သွားရောက်

မြန်မာပြည်ဒီမိုကရေစီဖြစ်ထွန်းတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်များအား အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ကိုယ်စားလှယ်ဦးစောဘလှသိန်းက ပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန်သည်။

NUG ကိုယ်စားလှယ်ဦးစောဘလှသိန်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏နာရေးသို့ သွားရောက်
NUG ကိုယ်စားလှယ်ဦးစောဘလှသိန်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏နာရေးသို့ သွားရောက်

NUG၏ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်းသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံသားများကိုယ်စား ဂျပန်ဝန်ကြီးချုပ်ဟောင်းမစ္စတာရှင်ဇိုအာဘေး၏ နာရေးသို့ သွားရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အထက်ပါ NUG ကိုယ်စားလှယ်သည် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့်အတူ Liberal Democratic Party ရုံးချုပ်ရှိ ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေး၏ နာရေးသို့သွားရောက်ခဲ့ရာ ဂျပန်မြန်မာပါလီမန်အမတ်များသမဂ္ဂဥက္ကဌနှင့် ဂျပန်အောက်လွှတ်တော် ဒုတိယဥက္ကဌ မစ္စတာ အိချိရိုအိုင်းဆဝမှ နှုတ်ဆက်ကြိုဆိုခဲ့သည်ဟု ဆိုသည်။

မြန်မာပြည်ဒီမိုကရေစီဖြစ်ထွန်းတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်များအား အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ကိုယ်စားလှယ်ဦးစောဘလှသိန်းက ပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။