Connect with us

Hi, what are you looking for?

သတင်း

တမူးတိုက်ပွဲတွင် PDF တစ်ဦးကျဆုံး

တိုက်ပွဲသည်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပုံစံဖြစ်ပြီးစစ်ကောင်စီဘက်မှ​သေဆုံးထိခိုက်မှုအခြေအနေကိုမသိရသေးဟုအထက်ပါ PDFက​ပြောသည်။

(ဓါတ်ပုံ-တမူးPDF တပ်ဖွဲ့ဝင်အချို့)
(ဓါတ်ပုံ-တမူးPDF တပ်ဖွဲ့ဝင်အချို့)

ယနေ့(ဇူလိုင် ၁၆ရက်)နံနက်ပိုင်းကဖြစ်ပွားခဲ့​သော တမူးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည်။

တမူးမြို့အထွက် ဆီဆိုင်အနီးတွင် စစ်ကောင်စီတပ်နှင့် တမူးမြို့ ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ခဲ့​ခြင်းဖြစ်သည်။ပြည်သူကာကွယ်ရေးရဲဘော်အချို့ မြို့ပြင်ဘက်သို့ ထွက်စဥ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း ပြည်သူ့ရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲသည်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပုံစံဖြစ်ပြီးစစ်ကောင်စီဘက်မှ​သေဆုံးထိခိုက်မှုအခြေအနေကိုမသိရသေးဟုအထက်ပါ PDFက​ပြောသည်။

Public Service Announcement
Public Service Announcement

ကျဆုံးPDFရဲ​ဘော်တွင် ဇနီးနှင့်ရင်​သွေးငယ်တစ်ဦးကျန်ရစ်ခဲ့၍ ဝိုင်းဝန်းကူညီရမည်ဖြစ်​ကြောင်းတမူးPDF တပ်ဖွဲ့ဝသ်တစ်ဦးကလည်း​ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နေ့လယ်ပိုင်းတွင် စစ်ကောင်စီက တမူးမြို့ပြင်ဘက်ဘက်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေ၍ ပြည်သူများသတိပြုကြရန် တော်လှန်ရေးရဲဘော်များက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။