Connect with us

Hi, what are you looking for?

News

မင်းတပ်တွင် ရာသီဥတုဆိုးနေသော်လည်း တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်သားများသေဆုံးမှုရှိ

မင်းတပ် CDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထား သည်။

People's Spring
People's Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF)တို့ တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများပြားကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

ဩဂုတ် ၁၄ရက်တွင် စစ်ကောင်စီအင်အား ၁၅၀ ကျော်ဖြင့် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် မင်းတပ် CDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထား သည်။

မိုးများရွာ၊ မှိုင်းများ တိုက်နေသည့် ကြားမှ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များက လက်နက် ကြီးများ မနားတမ်း ပစ်ခတ်ခဲ့၍ CDFများ နောက်ဆုတ်ခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

“တိုက်ပွဲမှာ စကစဘက်က အယောက်၂၀ နီးပါး ကျဆုံးမယ်လို့ ခန့်မှန်းရပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့ မြောက်ဘက်အခြမ်း၌လည်း စစ်ကောင်စီတပ်များက ယှက်၊ ရှစ်မွှေး၊ မွီတွီရွာများ၌ ရောက်ရှိလာ၍ ဒေသခံ ပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း၊ ယင်းစစ်ကြောင်းနှင့် ထိတွေ့မှု ဖြစ်ခဲ့၍ စစ်ကောင်စီဘက်က ကျဆုံးမှုရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲဖြစ် စဉ်များ၌ CDF ဘက်က ထိခိုက်ကျဆုံးမှုမရှိဟုလည်း ဖော်ပြထားသည်။

မင်းတပ်မြို့နယ်တွင် ဇူလိုင် ၂၁ရက်မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း CDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။