Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းတပ်တွင် ရာသီဥတုဆိုးနေသော်လည်း တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်သားများသေဆုံးမှုရှိ

မင်းတပ် CDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထား သည်။

People's Spring
People's Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF)တို့ တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများပြားကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

ဩဂုတ် ၁၄ရက်တွင် စစ်ကောင်စီအင်အား ၁၅၀ ကျော်ဖြင့် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် မင်းတပ် CDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထား သည်။

မိုးများရွာ၊ မှိုင်းများ တိုက်နေသည့် ကြားမှ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များက လက်နက် ကြီးများ မနားတမ်း ပစ်ခတ်ခဲ့၍ CDFများ နောက်ဆုတ်ခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

“တိုက်ပွဲမှာ စကစဘက်က အယောက်၂၀ နီးပါး ကျဆုံးမယ်လို့ ခန့်မှန်းရပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

မင်းတပ်မြို့ မြောက်ဘက်အခြမ်း၌လည်း စစ်ကောင်စီတပ်များက ယှက်၊ ရှစ်မွှေး၊ မွီတွီရွာများ၌ ရောက်ရှိလာ၍ ဒေသခံ ပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း၊ ယင်းစစ်ကြောင်းနှင့် ထိတွေ့မှု ဖြစ်ခဲ့၍ စစ်ကောင်စီဘက်က ကျဆုံးမှုရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲဖြစ် စဉ်များ၌ CDF ဘက်က ထိခိုက်ကျဆုံးမှုမရှိဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့နယ်တွင် ဇူလိုင် ၂၁ရက်မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း CDFက ထုတ်ပြန်ထားသည်။