Connect with us

Hi, what are you looking for?

News

တရုတ်ဘက်သို့ လက်နက်ကြီးကျည်ကျရောက်မှု စစ်ကောင်စီ၏စွပ်စွဲမှု MNDAA ပယ်ချ

တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီးကျကျရောက်ခြင်းမှာ ကိုးကန့်လက်နက်ကိုင် အဖွဲ့(MNDAA) လက်ချက်ကြောင့်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ပြောဆိုချက်မှာ စွပ်စွဲချက်သာဖြစ်သည်ဟု MNDAA က ထုတ်ပြန်သည်။

“ယခုလအစောပိုင်းမှာ စစ်ကောင်စီတပ်ရင်း ဟာ ပန်ဆိုင်းအခြေစိုက် MNDA တပ်ဖွဲ့ဝင်တွေနဲ့ အကြိမ်ပေါင်းမနည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အိမ်နီးချင်းတိုင်းပြည် တွင်းသို့ လက်နက် ကြီး နဲ့ကျည်ဆံ များကျရောက်ခဲ့ပါတယ်။ အပြစ်တင်ခံရမှုကို စစ်ကောင်စီကလက်နက်ကြီးနဲ့ကျည်ဆံကျရောက်မှုဟာ MNDAA တပ်ဖွဲ့မှာ တာဝန်ရှိတယ် လို့ စစ်မီးတောက်လောင်အောင် စတင်ခဲ့တဲ့ စစ်ကောင်စီ က စွပ်စွဲပါတယ်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လက်ရှိ ကိုးကန့်ဒေသအခြေစိုက် စစ်ကောင်စီတပ်ရင်း တပ်ရင်း သည် လူသူအင်အားစုဆောင်းပြီး သံလွင်မြစ် အနောက်ခြမ်း မုံးကိုးဒေသ ကို စစ်အင်အားဖြည့်တင်းလျက်ရှိကြောင်း MNDAAက ဆိုသည်။

စစ်ကောင်စီတပ်ရင်းသည် တရုပ်မြန်မာ နယ် စပ်အနီး ဟေးစန်း မြစ် ဆိပ်မှ သံလွင်မြစ် အနောက်ဖက်မုံးကိုးဒေသသို့ ဩဂုတ် ၁၃ရက်တွင် ဖြတ်ကူးဝင်ရောက်ခဲ့ရာ ယင်းတပ်ကို MNDAAက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ရင်းသည် ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ၌ ကိုဗစ်တတိယ လှိုင်းဖြစ်ပွားနေချိန်တွင် တနိုင်ငံလုံး အခြေနေ ဆိုးရွားနေပြီး စစ်ကောင်စီသည် အာဏာမြဲစေရန် ကိုဗစ် ရောဂါ ကို လက်နက် သဖွယ်အသုံးချခဲ့ကြောင်း၊ ရောဂါ ကာကွယ်တားဆီး ဖို့ မကြိုးပမ်းနိုင်ပဲ စစ်ကောင်စီအခြေစိုက်သည့် နယ်စပ်ဒေသ လူနည်းစု လူမျိုး ဒေသများ၌ ရောဂါပျံ့နှံ့နေကြောင်းလည်း ကိုးကန့်အဖွဲ့၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

လက်ရှိမှာ သံလွင်မြစ် အနောက်ဖက်မုံးကိုး ဒေသအခြေစိုက် MNDAA တပ်ဖွဲ့ ဝင် များသည် ရောဂါကာကွယ်တားဆီးမှုလုပ်ငန်းများ လုပ်ဆောင်နေရသည့် အပြင် အချိန်မရွေးထိုးစစ်ဆင်လာနိုင်သည့် စစ်ကောင်စီတပ်များကို အံတုရန် ကြိုတင်ပြင်ဆင်ထားကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်ရင်းမှ ရောဂါကူးစက်ခံ ရသည့် စစ်သားများ စစ်ဖြစ်ပွားရာဒေသ၌ ရောဂါ ပြန့်ပွားမှု ဖြစ်နိုင်ခြေ အတွက်လည်းကြိုတင်ပြင်ဆင်ထားရကြောင်း MNDAAက ဆိုသည်။
MNDAA နှင့် စစ်ကောင်စီတပ်သည် ဇွန်လကတည်းကကွတ်ခိုင်၌လည်းကောင်း ဇူလိုင်လ၌ မုံးကိုးဒေသနှင့် ပန်ဆိုင်းဒေသ၌လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေ့စဥ်ထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ The Daily Star မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်အရ၊ ဇွန်လ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တာရစ်ခ်ရာမန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့ တွေ့ဆုံခဲ့စဉ်မှာတရုတ်ဘက်ကဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(Bangladesh-China-Myanmar Economic Corridor - BCMEC) ကို အဆိုပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို အကူအညီ ပေးတာမျိုး လုံးဝ မလုပ်ကြဖို့ ရုရှားနဲ့ တရုတ်ကို ရည်ရွယ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။