Connect with us

Hi, what are you looking for?

သတင်း

သမိုင်းတွင် တစ်ကြိမ်မျှမကြုံဖူးသည့် စည်းလုံးညီညွတ်မှုမျိုးရရှိနေပြီဟု NUG ယာယီသမ္မတပြော

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌ ဦးအောင်ကြည်ညွန့်ကလည်း ယခုနွေဦးတော်လှန်ရေးတွင် ခေတ်အဆက်ဆက်တိုင်းပြည်ကို ဖျက်ဆီးခဲ့သောစစ်အာဏာရှင်များနှင့် အပေါင်းအပါများကို အမြစ်ဖြတ်ရမည့် နောက်ဆုံးတိုက်ပွဲအဖြစ် ကြိုးပမ်းသွားရမည်ဟု တိုက်တွန်းသည်။

သမိုင်းတွင် တစ်ကြိမ်မျှမကြုံဖူးသည့် စည်းလုံးညီညွတ်မှုမျိုးရရှိနေပြီဟု NUG ယာယီသမ္မတပြော
သမိုင်းတွင် တစ်ကြိမ်မျှမကြုံဖူးသည့် စည်းလုံးညီညွတ်မှုမျိုးရရှိနေပြီဟု NUG ယာယီသမ္မတပြော

▪️ပြည်သူ့အောင်ပွဲဆီသို့ အလွန်ပင်နီးကပ်နေပြီဟု ဝန်ကြီးချုပ်ပြော

မြန်မာ့သမိုင်းတွင် တစ်ကြိမ်မျှ မကြုံဖူးသည့် စည်းလုံးညီညွတ်မှုမျိုးရရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

NUG ယာယီသမ္မတသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ယနေ့ကျင်းပသော (၃၄)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့အခမ်းအနားသို့တက်ရောက်စဉ် တိုင်းရင်းသားပြည်သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက အာဏာရှင်ကို တွန်းလှန်တိုက်ဖျက်ရန် မယုံနိုင် လောက်အောင် ပူးပေါင်းဆောင်ရွက်မှုများရှိနေပြီဟု ထည့်သွင်းပြောကြားသည်။

“အချင်းချင်း အကြားယုံကြည်မှုများပိုမိုတိုးတက်လာပြီဖြစ်ပါတယ်။ အဲဒီရရှိထားတဲ့ စည်းလုံးညီညွတ်မှု အားနဲ့ ရှစ်လေးလုံး သမိုင်းဝင်နေ့ထူးနေ့မြတ်မှာ စစ်တပ်နဲ့ အာဏာရှင်မှန်သမျှကို တွန်းလှန်ဖြိုခွင်းပြီး စစ်မှန်တရားမျှတတဲ့ ၊ စစ်မက်မရှိတော့တဲ့၊ တိုးတက်ထွန်းကားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကြီးကို တည်ဆောက်သွားကြပါစို့”ဟု ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းသည်။

သမိုင်းတွင် တစ်ကြိမ်မျှမကြုံဖူးသည့် စည်းလုံးညီညွတ်မှုမျိုးရရှိနေပြီဟု NUG ယာယီသမ္မတပြော
သမိုင်းတွင် တစ်ကြိမ်မျှမကြုံဖူးသည့် စည်းလုံးညီညွတ်မှုမျိုးရရှိနေပြီဟု NUG ယာယီသမ္မတပြော

ဆက်လက်ပြီး အကြမ်းဖက်ရမ်းကားသောနည်းလမ်းများဖြင့် ပြည်သူကို သတ်ဖြတ်နှိပ်စက်ပြီး အာဏာရှင်လူတစုကောင်းစားရေးအတွက် တိုင်းပြည်ကို အဓမ္မအုပ်ချုပ်ရန် စိတ်ကူးယဉ်နေသေးပါက ယခုထက် အဆမတန်ကြီးမားသည့် ပြည်သူ့သစ္စာစူးကာ အမြစ်ပြတ်ချေမှုန်းမှုကို မကြာခင်ခံရတော့မည် ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

Public Service Announcement

Public Service Announcement

“အခုနှစ်မှာတော့ တော်လှန်ရေးစိတ်ဟာ လူထုလူတန်းစားအားလုံးရင်ထဲ ပိုမို ကိန်းဝပ်နေပြီး ပြည်သူ့အောင်ပွဲမှတပါး အခြားမရှိဆိုတဲ့ စိတ်ဓာတ်နဲ့ ရှေ့ဆက်နေကြတဲ့ အချိန်ကာလဖြစ်ပါတယ်။ ၁၉၈၈ လူထုတော် လှန်ရေးက ပုခုံးထမ်းတင်ပေးလိုက်တဲ့ ယခုနွေဦးတော် လှန်ရေးဟာ စစ်အာဏာရှင်တွေ နိဂုံးချုပ်ပြီး ပြည်သူ့အောင်ပွဲဆီသို့ အလွန်ပင်နီးကပ်နေပြီဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌ ဦးအောင်ကြည်ညွန့်ကလည်း ယခုနွေဦးတော်လှန်ရေးတွင် ခေတ်အဆက်ဆက်တိုင်းပြည်ကို ဖျက်ဆီးခဲ့သောစစ်အာဏာရှင်များနှင့် အပေါင်းအပါများကို အမြစ်ဖြတ်ရမည့် နောက်ဆုံးတိုက်ပွဲအဖြစ် ကြိုးပမ်းသွားရမည်ဟု တိုက်တွန်းသည်။

သမိုင်းတွင် တစ်ကြိမ်မျှမကြုံဖူးသည့် စည်းလုံးညီညွတ်မှုမျိုးရရှိနေပြီဟု NUG ယာယီသမ္မတပြော
သမိုင်းတွင် တစ်ကြိမ်မျှမကြုံဖူးသည့် စည်းလုံးညီညွတ်မှုမျိုးရရှိနေပြီဟု NUG ယာယီသမ္မတပြော

တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်အောင် ဖျက်ဆီးခဲ့သည့်အပြင် နိုင်ငံတကာက ပါ လက်ညှိုးထိုးဖယ်ကြဉ်ခံနေရသော အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီသည် တိုင်းပြည်ကို အလုံးစုံ ပျက်သုဉ်းရေးဆီကို တင်သွင်းပို့နေပြီဖြစ်ကြောင်း အထက်ပါ CRPH ဥက္ကဌက ပြောသည်။

“အဓမ္မသမားတွေ ကျဆုံးဖို့ အချိန်ကျရောက်နေပါပြီ။ ဓမ္မဘက်တော်သားများရဲ့ အောင်လံလွှင့်ထူနိုင်ဖို့ မိမိတို့ တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနဲ့ တိုင်းရင်းသား မိဘပြည်သူအားလုံး ညီညီညွတ်ညွတ်နဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြပါစို့” ဟု ၎င်းက ဆက်လက်တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။