Connect with us

Hi, what are you looking for?

သတင်း

ရွှေကူနယ်တွင် KIAနှင့် PDF ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးထိခိုက် သူများ

ရွှေကူမြို့နယ် ကျောက်တလုံးရွာမှ ယနေ့နံနက် ၄နာရီခွဲ၌ ရွောအထက်ဘက်သို့ စစ်ကြောင်းထိုး ထွက်လာစဉ် KIA တပ်ရင်း(၅) တပ်ရင်းမှ ဗိုလ်နေရောင် အဖွဲ့ က ကြိုတင် စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

မြို့လှ PDF ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - မြို့လှ PDF
မြို့လှ PDF ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - မြို့လှ PDF

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ကချင်လွတ်လပ် ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် သေဆုံးထိခိုက်များပြားခဲ့ကြောင်း မြို့လှ PDFက သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၁၀ရက်) နံနက်က စစ်ကော်စီ၏ ခမရ(၄၁၅) နှင့် ခလရ(၁၀) တပ်တို့မှ အင်အား ၇၅ဦး ခန့်သည် ဧရာဝတီမြစ်ကမ်းဘေးရွာများနှင့်အနီးတစ်ဝိုက် မြစ်ကြောင်းလုံခြုံရေးယူရန် နယ်မြေရှင်းလင်း ထိုးစစ်ဆင်လှုပ်ရှားလာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ရွှေကူမြို့နယ် ကျောက်တလုံးရွာမှ ယနေ့နံနက် ၄နာရီခွဲ၌ ရွောအထက်ဘက်သို့ စစ်ကြောင်းထိုး ထွက်လာစဉ် KIA တပ်ရင်း(၅) တပ်ရင်းမှ ဗိုလ်နေရောင် အဖွဲ့ က ကြိုတင် စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီဘက် မှ ၆ ဦး ထက်မနည်း သေဆုံးပြီး ၁၀ဦးထက်မနည်း ဒါဏ်ရာ၊ ပြင်းထန် ရရှိခဲ့ကြောင်း ၊ စစ်ကောင်စီတပ်သည် ဒေသခံရွာသားများကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း မြို့လှ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကျန်နေသည့် စစ်ကောင်စီတပ်သားများက တိုက်ပွဲ၌ ကျဆုံးခဲ့သည့် စစ်ကောင်စီ အရာရှိ ၃ဦးအား မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။