Connect with us

Hi, what are you looking for?

နိုင်ငံတကာ

TikTok ဗီဒီယို ရိုက်နေတဲ့ အမျိုးသမီးကို ရန်ပြု စော်ကားခဲ့တဲ့ လူ ၃၀၀ ကျော်ကို ပါကစ္စတန် ရဲတပ်ဖွဲ့ ရှာဖွေနေ

အမျိုးသမီးငယ်ဟာ ဩဂုတ် ၁၄ ရက်က လာဟိုးမြို့၊ ပန်းခြံတစ်ခုထဲမှာ TikTok ဗီဒီယို ရိုက်နေတုန်း အမျိုးသားတွေက အုပ်လိုက်ကြီး ဝိုင်းဝန်းပိတ်ဆို့ပြီး ရန်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးဟာ အဝတ်အစားတွေ ဆွဲဖြဲခံရသလို ခန္ဓာကိုယ် အနှံ့ မတော်မလျော် ကိုင်တွယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

TikTok ဗီဒီယို ရိုက်ကူးနေတဲ့ အမျိုးသမီး တစ်ဦးကို ဝိုင်းဝန်း ရန်ပြုပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားခဲ့ကြတဲ့ အမျိုးသား ၃၀၀ ကျော်ကို ပါကစ္စတန် ရဲတပ်ဖွဲ့က စုံစမ်း ရှာဖွေနေပါတယ်။

အမျိုးသမီးငယ်ဟာ ဩဂုတ် ၁၄ ရက်က လာဟိုးမြို့၊ ပန်းခြံတစ်ခုထဲမှာ TikTok ဗီဒီယို ရိုက်နေတုန်း အမျိုးသားတွေက အုပ်လိုက်ကြီး ဝိုင်းဝန်းပိတ်ဆို့ပြီး ရန်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးဟာ အဝတ်အစားတွေ ဆွဲဖြဲခံရသလို ခန္ဓာကိုယ် အနှံ့ မတော်မလျော် ကိုင်တွယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ ဖြစ်စဉ်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်တချို့ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့ခဲ့ပြီး အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ နေ့ခင်းကြောင်တောင် အချိန်မျိုးမှာ လူအများနဲ့ သက်ဆိုင်တဲ့ ဧရိယာထဲထိ အခုလို မှုခင်းမျိုး ကျူးလွန်ခဲ့တယ် ဆိုတာကလည်း ပါကစ္စတန် လူ့အသိုက်အဝန်းကို တုန်လှုပ်စေခဲ့ပါတယ်။

ပါကစ္စတန် ရဲတပ်ဖွဲ့က အခုကိစ္စကို အမှုဖွင့် စုံစမ်းနေပြီး လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးနေပါတယ်။ အမျိုးသမီးကို ဝိုင်းဝန်း ရန်ပြုခဲ့သူ အရေအတွက်က ၃၀၀ ကနေ ၄၀၀ ကျော်ထိ ရှိနိုင်ပြီး တရားခံတွေကို ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေကြောင်း ရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူ့ကို ဝိုင်းပိတ် ဖမ်းဆီးကြပြီး အဝတ်အစားတွေကို ဆုတ်ဖြဲခဲ့ကြကြောင်း၊ ပြီးတော့ သူ့ကို ဝိုင်းဆွဲပြီး လေထဲကို မြှောက်တင်ခဲ့ကြကြောင်း ကာယကံရှင် အမျိုးသမီးက ထွက်ဆိုပါတယ်။ ပြီးတော့ သူ့ဖုန်းနဲ့ ပိုက်ဆံတွေလည်း အလုခံလိုက်ရတယ်လို့ အမျိုးသမီးက ပြောပါတယ်။

ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး ဖာဝက်ဒ် ချော်ဒရီက လောလောဆယ် လူတချို့ကို စတင် ဖမ်းဆီးထားပြီးဖြစ်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ ဝန်ကြီးချုပ် အင်မ်ရန်ခန်း ကိုယ်တိုင်လည်း ဒီအမှုကို အာရုံစိုက်မိပြီး ဖိဖိစီးစီး ကိုင်တွယ်ဖို့ သက်ဆိုင်ရာကို ညွှန်ကြားထားကြောင်း ချော်ဒရီက ဆိုပါတယ်။

ခန်းဦးဆောင်တဲ့ အစိုးရဟာ ပြည်တွင်းမှာ မုဒိမ်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ မြင့်တက်လာတဲ့အပေါ် ထိထိရောက်ရောက် မဟန့်တားနိုင်တဲ့အတွက် အရင်ကတည်းက ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဒါ့အပြင် ခန်းကိုယ်တိုင်က အမျိုးသမီးတွေ အနေနဲ့ ဝတ်စားဆင်ယင်ပုံ၊ နေထိုင်ပြုမူပုံတွေ ဆင်ခြင်နိုင်ရင် မုဒိမ်းမှုတွေ လျော့သွားမယ်ဆိုတဲ့ သဘောမျိုး မှတ်ချက် ပေးခဲ့တဲ့အတွက် အကြီးအကျယ် ဝေဖန်ပြစ်တင် ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါကစ္စတန် နိုင်ငံက ရဲစခန်း တစ်ခုမှာ ဖွင့်လှစ်ထားရာ ဗလီကို အသေခံ ဗုံးခွဲပြီး ဝင်ရောက် စီးနင်းပစ်ခတ်တဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ခေါင်းဆောင် ပေါက်ကိုယ်တော်နဲ့ စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေးအစွန်းရောက်ဘုန်ကြီးဦးသုစိတ္တရဲ့အကောင့်တွေကို Tiktok က ဖယ်ရှားခံလိုက်ရပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။