Connect with us

Hi, what are you looking for?

သတင်း

အရာတော်တွင် အမျိုးသမီးသုံးဦးက PDFတပ်ဖွဲ့အား နားကပ်များချွတ်လှူ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်နေသော ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဒေသခံများက လက်ဝတ်လက်စားများ လှူဒါန်းခဲ့ဖူးသည်။

အရာတော်တွင် အမျိုးသမီးသုံးဦးက PDFတပ်ဖွဲ့အား နားကပ်များချွတ်လှူ
အရာတော်တွင် အမျိုးသမီးသုံးဦးက PDFတပ်ဖွဲ့အား နားကပ်များချွတ်လှူ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ဒေသခံအမျိုးသမီး သုံးဦးက တော်လှန်ရေးအတွက်သုံးစွဲရန် ဝတ်ဆင်ထားသည့်နားကပ်အား ဒေသတွင်း PDFအဖွဲ့တစ်ဖွဲ့ထံ ချွတ်လှူခဲ့ကြောင်း Ayadaw Bone Naing PDF အဖွဲ့က ယနေ့(သြဂုတ် ၂၂ရက်) ထုတ်ပြန်သည်။

အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ကျေးရွာနေပြည်သူများမှာ အထုပ်အပိုးအသင့်ပြင်ကာ နေထိုင်နေရချိန်ဖြစ်ကြောင်း၊ လုပ်ငန်းများလည်းရပ်နားထားရပြီး စားဝတ်နေရေးခက်ခဲနေချိန် ယခုကဲ့သို့လှူဒါန်းမှုမှာ လေးစားဖွယ်ကောင်းကြောင်း Ayadaw Bone Naing PDF အဖွဲ့က အသိပေးသည်။

အရာတော်တွင် အမျိုးသမီးသုံးဦးက PDFတပ်ဖွဲ့အား နားကပ်များချွတ်လှူ
အရာတော်တွင် အမျိုးသမီးသုံးဦးက PDFတပ်ဖွဲ့အား နားကပ်များချွတ်လှူ

“တကယ်ကိုလေးစားမိပါတယ်။ ကျွန်တော်တို့ အရာတော်ဘက် ရွာတွေက ပြည်သူအများစုဟာလဲ ကျေးရွာတွေမီးရှို့ခံရ၊ စစ်ကြောင်းဘယ်အချိန်ထိုးမလဲဆိုပြီး အထုပ်အပိုးအသင့်နဲ့ နေကြရတာပါ။ဘာစီးပွားရေးမှ မယ်မယ်ရရ စိတ်အေးလက်အေးမလုပ်နိုင်ကြတဲ့အချိန်မှာ ဝင်ငွေမရှိကြပါဘူး။စားဝတ်နေရေး ခက်ခဲနေချိန်မှာတောင် ခုလို နားက နားကပ်လေးဖြုတ်လှူတယ်ဆိုတာ တကယ်ကို တော်လှန်စိတ်၊ အောင်မြင်စိတ်၊ စစ်အာဏာရှင်စနစ်ကို မုန်းတီးတဲ့စိတ်နဲ့ပါ။ အညာဒေသ ပြည်သူများအတွက် ရွှေဆိုတာ ရှိ တန်ဆာ၊ မရှိ ဝမ်းစာဆိုပြီး ဆောင်ထားကြသူတွေပါ။ခုချိန် ဝမ်းစာအတွက်ပါ မတွေးဘဲ တော်လှန်ရေးအတွက် လှူဒါန်းပါသော ပြည်သူ(၃)ဦးရဲ့ လှူဒါန်းမှုများနဲ့ ထိုက်တန်အောင် ကြိုးစားတိုက်ခိုက်တော်လှန်သွားပါမယ်။”ဟုAyadaw Bone Naing PDF အဖွဲ့က ကတိပြုပြောကြားသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်နေသော ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဒေသခံများက လက်ဝတ်လက်စားများ လှူဒါန်းခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ