Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့နယ်မင်းရွာ သုံးရက်ဆက်တိုက်ပွဲစစ်​ကောင်စီတပ် ၂၀ကျော်သေ၊ ပြည်သူ့ရဲဘော်တစ်ဦးကျဆုံး

မင်းရွာထဲတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား သြဂုတ်လ၅ရက်နေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၅)ဦး ထပ်မံသေဆုံးခဲ့ကြောင်း BRTFက ပြောသည်။

BRTFတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-BRTF
BRTFတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-BRTF

●နေအိမ်၃၅၀ကျော် မီးရှို့ခံရပြီး ပြည်သူနှစ်ဦးသေဆုံး၊ ယ​နေ့နံနက်တိုက်ပွဲအပြီးတွင် PDF များရွာကိုပြန်လည်ရရှိ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာသို့စစ်​ကြောင်းထိုယလာ​သော စစ်​ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသတွင်းအဖွဲ့များက သတင်းထုတ်ပြန်သည်။

သြဂုတ်လ၄ရက်နေ့မှ ယနေ့၆ရက်နေ့အထိ မင်းရွာ ၃ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ကျော်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်က စုစုပေါင်း ရဲဘော်၆ဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဗမာ့စွမ်းရည်မြင့်တပ်​တော်BRTF-Burmese Revolutionary Technical Front က အသိပေးသည်။

သြဂုတ်လ၄ရက်နေ့ နံနက် ၁၀နာရီခန့်က အင်အား၆၄ ဦးပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် အရာတော်မြို့နယ် မင်းရွာသိုစစ်ကြောင်းထိုးလာစဉ် မင်းရွာနှင့် ရသာရွာကြားတွင် ဒေသခံတော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

မင်းရွာကိုGoogle Earth မှ မြင်​တွေ့စဥ်
မင်းရွာကိုGoogle Earth မှ မြင်​တွေ့စဥ်

အကြမ်းဖက်စစ်ကောင်စီဘက်က (၇)ဦး သေဆုံးပြီး ပြည်သူ့ ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု BRTFက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်နှင့် မင်းရွာထိပ်တွင် ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွါးခဲ့ပြီး ၎င်းတို့ မင်းရွာထဲသို့ဝင်လာစဉ် ရွာအဝင်ဝ၌ ဒေသခံတော်လှန်ရေးတပ်များက အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၈)ယောက်ထပ်မံသေဆုံးခဲ့သည်ဟု BRTFက ဆိုသည်။

စစ်ကောင်စီတပ်များအထိနာ၍ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ရာ နောက်ထပ်ပြည်သူ့ရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း BRTFက ပြောသည်။

ညနေ ၃ နာရီခွဲအချိန်တွင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့်လာရောက်ပစ်ခတ်ရာ ပြ​ည်သူ့ရဲဘော် ( ၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

မင်းရွာထဲတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား သြဂုတ်လ၅ရက်နေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၅)ဦး ထပ်မံသေဆုံးခဲ့ကြောင်း BRTFက ပြောသည်။

ထို​နောက်ယနေ့ သြဂုတ်လ ၆ ရက်နေ့ နံနက်၆နာရီခွဲတွင် မင်းရွာအား ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ပြန်လည်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များပြန်လည် ဆုတ်ခွာသွားပြီး ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။ထို​ကြောင့် ရွာကို ​ဒေသခံပြည်သူ့ကာကွယ်​​ရေးတပ်များကပြန်လည်စိုးမိုးထားနိုင်ပြီဟုသိ့ရသည်။

မင်းရွာတိုက်ပွဲနှင့်ပတ်သက်၍ BRTF အဖွဲ့တာဝန်ရှိသူက “လေယာဥ်ရယ် လက်နက်ကြီးပစ်ကူအားရယ် ဓါးစာခံရယ် ခေါ်ပြီးမှ ရွာကိုဝင်စီးနိုင်ပြီး မီးတင်ရှို့ခံရတာပါ။ မီးလောင်တုန်းအသက်သုံးဆယ်ကျော် ပြည်သူတစ်ယောက်သေဆုံးတယ်လို့တော့သတင်းရထားတယ်။ ၅ ရက်နေ့ ရွာထဲတပ်စွဲစဥ် သေဆုံးတဲ့ သူတို့စစ်သားတွေကို စုပုံပြီး မီးရှို့သွားတယ်။လက်ရှိတော့ ဒေသခံတော်လှန်ရေးတပ်တွေ စိုးမိုးထားနိုင်ပြီ။”ဟု ပြောသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မင်းရွာရှိ နေအိမ်၃၅၀ ကျော် မီးလောက်ပျက်စီးခဲ့ရကြောင်း၊ ကျေးရွာအတွင်းမှ ပြည်သူများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်ခဲ့ကြောင်း BRTFက အသိပေးသည်။

မင်းရွာရှိအသက် (၈၀) ကျော်အရွယ် အဘွားဒေါ်ရှင်မှာ မီးထဲပါသွားခဲ့ပြီး ၎င်းအလောင်းကို ကြိုးစားထုတ်ယူခဲ့ရကြောင်း ဒေသခံများက ပြောသည်။

၎င်းတိုက်ပွဲကို BRTF ၊ MRTF ၊ BRTA ၊ GZP(MDY) ၊ ပုသိမ်ကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မြင်းမူလျှပ်စီးအဖွဲ့ ၊ Zero ပြောက်ကျားတပ်ဖွဲ့ ၊ မှုံရွာခရိုင် တပ်ရင်း(၆) ၊ စစ်ကိုင်းတပ်ရင်း(၁) ၊ မြောင် Tiger လေးအဖွဲ့ ၊ GTR အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က အသိပေးထားသည်။

“တော်လှန်ရေးတပ်တွေအတွက် လက်နက်ခဲယမ်းပြန်လည်ဖြည့်တင်းဖို့လိုအပ်ပါတယ်။ ပြီးတော့ရွာက ဒုက္ခသည်တွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားနိုင်ပေမဲ့ နေစရာ စားနပ်ရိက္ခာ လိုအပ်ချက်လည်း ရှိနေပါတယ်။”ဟု BRTF တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook