Connect with us

Hi, what are you looking for?

သတင်း

ငွေလွှဲသူကိုလျှို့ဝှက်ဓာတ်ပုံရိုက်ထားရန်စစ်​ကောင်စီညွန်ကြားချက်ကြောင့်မိုဘိုင်းဖုန်းငွေလွှဲ၊ ငွေထုတ်သူမရှိ​တော့

“အခုက လောင်းကစားဂိမ်းဆော့တဲ့သူတွေလောက်ပဲ လာပြီး ငွေဖြည့်ကြတော့တယ်၊ ငွေလွဲတာ၊ငွေထုတ်တာ မလုပ်ကြတော့ဘူး”ဟု ရန်ကုန်မြို့ရှိ ကိုယ်စားလှယ်တစ်ဦးကပြောသည်။

(မိုဘိုင်းဖုန်း​ငွေလွှဲ​ငွေထုတ်လုပ်ငန်းများအ​ပေါ်စစ်​ကောင်စီ၏ ကန့်သတ်မှုများ​ကြောင့် ကိုယ်စားလှယ်များဒုက္ခ​ရောက်​နေကြသည်။ ။ဓါတ်ပုံ-ရိုက်တာ)
(မိုဘိုင်းဖုန်း​ငွေလွှဲ​ငွေထုတ်လုပ်ငန်းများအ​ပေါ်စစ်​ကောင်စီ၏ ကန့်သတ်မှုများ​ကြောင့် ကိုယ်စားလှယ်များဒုက္ခ​ရောက်​နေကြသည်။ ။ဓါတ်ပုံ-ရိုက်တာ)

ငွေလွဲနှင့်ငွေထုတ်သူများကို လျှို့ဝှက်ဓာတ်ပုံရိုက်ထားရမည်ဟုသော စစ်ကောင်စီဗဟိုဘဏ်၏ ညွန့်ကြားချက် ကြောင့် မိုဘိုင်းဖုန်းသုံး ငွေလွှဲ/ငွေထုတ်သူများမရှိတော့ကြောင်း မိုဘိုင်းငွေလွှဲလုပ်ငန်းကိုယ်စားလှယ်များကပြောသည်။

စစ်ကောင်စီဗဟိုဘဏ်ကဩဂုတ် ၁၅ရက်စတင်ပြီးမိုဘိုင်းဖုန်းသုံးငွေလွှဲရာတွင် ငွေလွှဲသူနှင့်ငွေလွှဲထုတ်သူများကို လျှို့ဝှက်ဓာတ်ပုံရိုက်ထားခြင်း၊ CCTVဖြင့်စောင့်ကြည့်ခိုင်းခြင်းနှင့် ကိုယ်ရေးအချက်အလက်များအပြည့်အစုံ တောင်းယူခိုင်းခြင်းတို့ကြောင့် ငွေလွှဲ/ငွေထုတ်သူများမရှိသလောက်နည်းပါးသွားရခြင်းဖြစ်သည်ဟု ကိုယ်စားလှယ်များက​ပြောသည်။

အထူးသဖြင့် မြန်မာပြည် ငွေလွှဲလုပ်ငန်းတွင် လူသုံးအများဆုံးနှင့် အသုံးပြုရလွယ်ကူသည့် Wave Money ကိုပင် ငွေလွှဲမည့်သူမရှိတော့ခြင်းကြောင်းကိုယ်စားလှယ်များကဆက်​ပြောသည်။ အခြားငွေလွဲလုပ်ငန်းများလည်း ငွေသွင်းငွေထုတ်မရှိသလောက်ဖြစ်​နေပြီးကိုယ်စာလှယ်များအခက်​တွေ့​နေ​ကြောင်း၎င်းတို့ကပြောသည်။

“အခုက လောင်းကစားဂိမ်းဆော့တဲ့သူတွေလောက်ပဲ လာပြီး ငွေဖြည့်ကြတော့တယ်၊ ငွေလွဲတာ၊ငွေထုတ်တာ မလုပ်ကြတော့ဘူး”ဟု ရန်ကုန်မြို့ရှိ ကိုယ်စားလှယ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယခင်က တစ်ရက်လျှင်ကျပ်ဆယ်သိန်းကျော်အထက်ငွေလွှဲနေရသည် ကိုယ်စားလှယ်ကပင် လက်ရှိအချိန်တွင် တစ်ရက်လျှင်တကြိမ်ပင် ငွေမလွှဲရတော့ကြောင်း ရန်ကုန်မြို့မှ အခြားမိုဘိုင်းငွေလဲလုပ်ငန်းကိုယ်စားလှယ်က ပြောသည်။

“သုံးဆွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ခိုင်းတော့ ဘယ်သူက သုံးတော့မှာလဲ။ ဓာတ်ပုံရိုက်ရင်လည်း အေးဂျင့်တွေ အထိုးခံရမလား၊ ပါးရိုက်ခံရမလား တွေးနေရတယ်” ဟု မိုဘိုင်းငွေလွှဲလုပ်ငန်းဆောင်ရွက်နေသည့်ကိုယ်စားလှယ်တစ်ဦးကပြောသည်။

ထိုသို့ပြုလုပ်ခြင်းသည်နွေဦးတော်လှန်ရေးအတွက်ငွေကြေးထောက်ပံ့မည်ကိုစစ်ကောင်စီကအကြောက်တရားဖြင့်ကာကွယ်ခြင်းဖြစ်နိုင်ပြီး မိုဘိုင်းငွေလွဲလုပ်ငန်းများအချင်းချင်းတိုက်ခိုက်ရန် ဆောင်ရွက်ခြင်းလည်းဖြစ်နိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“Wave moneyက လူသုံးလည်းများတယ်။သုံးရတာလွယ်ကူတော့စစ်ကောင်စီနဲ့ပေါင်းနေတဲ့ သူဌေးတွေက Wave ကို telenor လိုဘဲ ထွက်သွားစေချင်တယ်။ သူတို့ မိုဘိုင်းအပ်ပလီကေးရှင်းတွေကို သုံးစေချင်တယ်။ ဒါကြောင့် အခုလိုပေါက်ကရအမိန့်တွေ ထုတ်ပေးတာလို့မြင်တယ်”ဟုအထက်ပါလုပ်ငန်းရှင်က​ပြောသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံး ငွေလွဲလုပ်ငန်းကို ရိုးမကုမ္ပဏီ၏ Wave Money ၊KBZဘဏ်လုပ်ငန်း၏ Kpay၊ True Money စသည့်တို့က ဦးဆောင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။