Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မဟာဗျူဟာ(မူကြမ်း) ဆွေးနွေးနေဟု NUCC ထုတ်ပြန်

ယင်းမဟာဗျူဟာ(မူကြမ်း)ကို မည်သည့်အချိန်တွင် အတည်ပြုနိုင်မည်ဆိုသည်ကို NUCC က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မဟာဗျူဟာ(မူကြမ်း)ဆွေးနွေးနေဟု NUCC ထုတ်ပြန်
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မဟာဗျူဟာ(မူကြမ်း)ဆွေးနွေးနေဟု NUCC ထုတ်ပြန်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမဟာဗျူဟာ(မူကြမ်း)ကို ဆွေးနွေးနေကြောင်း ယနေ့ ထုတ်ပြန်သည်။

အဆိုပါ မဟာဗျူဟာ(မူကြမ်း)ကို စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မဟာဗျူဟာရေးဆွဲမှု ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (JCC-Strategy)က တင်ပြပြုစုခြင်းဖြစ်ပြီး အတည်ပြုနိုင်ရန် ဆွေးနွေးနေခြင်းဖြစ်သည်။

ယင်းမဟာဗျူဟာ(မူကြမ်း)ကို မည်သည့်အချိန်တွင် အတည်ပြုနိုင်မည်ဆိုသည်ကို NUCC က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

‘အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း’မှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) ၏ အခန်း (၃) ဖြစ်သည့် ‘အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ’ တွင် ပါဝင်သော သတ္တမအဆင့်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ကိုအခြေခံ၍ မဟာဗျူဟာမူကြမ်းရေးဆွဲတင်ပြရန်နှင့် မဟာဗျူဟာ လေ့လာဆန်းစစ်မှုများနှင့် စောင့်ကြည့်သုံးသပ်မှုများအား စဉ်ဆက်မပြတ် ပြုလုပ်ရန် ရည်ရွက်ချက်ဖြင့် အထက်ပါကော်မတီ JCC-Strategy ကို ၂၀၂၁ အောက်တိုဘာလ (၂၂) ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ တွေ့ဆုံပြီး တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။