Connect with us

Hi, what are you looking for?

News

အောင်ဘာလေထီ လက်ကားရောင်းသည့် ထီလုပ်ငန်းရှင်များကို NUGသတိပေး

လက်ကားထီလုပ်ငန်းရှင်ကြီးများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်လောင်းကစား ဖြစ်သည့် အောင်ဘာလေထီလက်မှတ်များ ဝယ်ယူရောင်းချဖြန့်ဖြူးခြင်း အလျဉ်းမပြုကြရန် အထူးသတိ ပေးတားမြစ်လိုက်ကြောင်း ထုတ်ပြန်သည်။

အောင်ဘာလေထီလုပ်ငန်းအား အပြီးတိုင်ဖျက်သိမ်းပြီး ဖြစ်သည့်အတွက် လက်ကားဝယ်ရောင်းနေသော ထီလုပ်ငန်းရှင်ကြီးများအနေဖြင့် အောင်ဘာလေထီလက်မှတ်များ ဝယ်ယူ၊ရောင်းချ၊ဖြန့်ဖြူးခြင်း မပြုကြရန် အထူးသတိပေး တားမြစ်ခြင်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ဩဂုတ် ၆ရက်က အတည်ပြုပြဌာန်းထားသည့် လောင်း ကစားဥပဒေကို ပထမအကြိမ်ပြင်ဆင်သည့် ဥပ‌ဒေတွင် ထီဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ် နှံမှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “အောင်လံလွှင့်ချီ နွေဦးထီ” ကို ဆိုလိုကြောင်း အတိအလင်း ပြင်ဆင်ပြဌာန်းထားပြီးဖြစ်သည်ဟု ယခုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် လက်ကားထီလုပ်ငန်းရှင်ကြီးများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်လောင်းကစား ဖြစ်သည့် အောင်ဘာလေထီလက်မှတ်များ ဝယ်ယူရောင်းချဖြန့်ဖြူးခြင်း အလျဉ်းမပြုကြရန် အထူးသတိ ပေးတားမြစ်လိုက်ကြောင်း ထုတ်ပြန်သည်။

တားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်သည့် ထီလုပ် ငန်းရှင်ကြီးများအား တည်ဆဲဥပဒေများနှင့်အညီ အရေး ယူဆောင်ရွက်သွားနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook