Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန်မှာ အိုင်အက်စ်အဖွဲ့ အကြမ်းဖက် တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် သတိပေး

အာဖဂန် နစ္စတန် နိုင်ငံမှာ အိုင်အက်စ် အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း အမေရိကန် အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

အာဖဂန်ရဲ့ မြို့တော် ကဘူးလ်ကို တာလီဘန် စစ်သွေးကြွတွေက သိမ်းပိုက်လိုက်တဲ့နောက် မြို့ထဲမှာ ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် တာလီဘန်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေအပေါ် စိုးရိမ် ကြောက်လန့်နေတဲ့ ကဘူးလ်မြို့ခံတွေက အာဖဂန်ကနေ ထွက်ခွာနိုင်ဖို့ ကဘူးလ် လေဆိပ်ဆီ အုံနဲ့ကျင်းနဲ့ သွားရောက်နေပါတယ်။ ကဘူးလ် နိုင်ငံတကာ လေဆိပ်ကိုတော့ လက်ရှိ အချိန်ထိ အမေရိကန် စစ်တပ်က ထိန်းချုပ်ထားပါတယ်။

ဩဂုတ် ၂၂ ရက်မှာတော့ အာဖဂန်မှာရှိတဲ့ အမေရိကန် သံရုံးက လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် လေဆိပ်ကို အမေရိကန် နိုင်ငံသားတွေ လတ်တလော မသွားရောက်ကြဖို့ တိုက်တွန်း ကြေညာလိုက်ပါတယ်။ လေဆိပ်တဝိုက်မှာ အိုင်အက်စ် စစ်သွေးကြွ အုပ်စုက အကြမ်းဖက် တိုက်ခိုက်လာမှာကို အမေရိကန် ထောက်လှမ်းရေးက စိုးရိမ်နေတာကြောင့်ပါ။

အာဖဂန် အခြေစိုက် အိုင်အက်စ် အဖွဲ့ခွဲဟာ တာလီဘန်တွေနဲ့ ပြိုင်ဘက်အသွင် ရပ်တည်ခဲ့ပါတယ်။ လက်ရှိ အချိန်ထိတော့ အာဖဂန်မှာ အိုင်အက်စ်တွေက အကြမ်းဖက် တိုက်ခိုက်မယ် ဆိုတာမျိုး ခြိမ်းခြောက်ထားတာ မရှိသေးပါဘူး။

လက်ရှိ အနေအထားအရ ကဘူးလ် လေဆိပ်မှာ အာဖဂန် နိုင်ငံသားတွေ ထောင်သောင်းချီ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့အတွက် လုံခြုံရေး အစီအမံတွေ မကျိုးပေါက်အောင် ထိန်းထားဖို့ ခဲယဉ်းနေပါတယ်။ အမေရိကန် အစိုးရက ဩဂုတ် ၁၄ ရက်ကစလို့ ကဘူးလ်ကနေ လူပေါင်း ၁၇၀၀၀ လောက်ကို လေယာဉ်တွေပေါ် တင်ဆောင် ခေါ်ယူ ရွှေ့ပြောင်းပေးပြီးပြီလို့ ပြောပါတယ်။ လက်ရှိ အခြေအနေအရ အာဖဂန်မှာ အမေရိကန် နိုင်ငံသား ၅၈၀၀ လောက် ပိတ်မိနေဆဲလို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းတဲ့ ရေယာဉ်တွေဆီက ရေလမ်းကြောင်း အသုံးပြုခတွေ အီရန်က ကောက်ခံတာမျိုးကို အမေရိကန်က လက်ခံ ခွင့်ပြုမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

သတင်း

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်ကို အီရန်က စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့ အမေရိကန်နဲ့ စေ့စပ် ညှိနှိုင်းခဲ့တဲ့ အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။