Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ် သာယာကုန်းရွာတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေ၊ ငါးဦးထက်မနည်းဒဏ်ရာရဟု မြို့လှ KPDF ပြော

ယမန်နေ့ကလည်း ရွှေကူ​မြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက်ခံ ခလရ(၇၇) အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုများနိုင်ကြောင်း မြို့လှ K-PDFက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် နေအိမ်များအား ပြည်သူ့ကာ ကွယ်ရေး ရဲဘော်များက ကြည့်ရှု့နေစဥ်၊ ဓာတ်ပုံ - K -PDF
အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် နေအိမ်များအား ပြည်သူ့ကာ ကွယ်ရေး ရဲဘော်များက ကြည့်ရှု့နေစဥ်၊ ဓာတ်ပုံ - K -PDF

ရွှေကူမြို့နယ် သာယာကုန်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ငါးဦးထက်မနည်းဒဏ်ရာရကြောင်း မြို့လှ KPDF က ထုတ်ပြန် သည်။

ယနေ့(စက်တင်ဘာ ၆ရက်) နံနက် ၈ နာရီ ၁၅မိနစ်ခန့်တွင် အင်အား ၇၀ကျော်ပါ စစ်ကောင်စီ၏ ခလရ(၇၇)စစ်ကြောင်းမှူးမုတ်ဆိတ် ဦးဆောင်သောအဖွဲ့မှာ မြိုင်ယာကျွန်းမှ သာယာကုန်းကျေးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာစဥ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မြို့လှ KPDF တပ်ခွဲ (၁)မှ ဗိုလ်မိုးကြိုး ဦးဆောင်သော တပ်စိတ်မှူးလင်းဝါ ပါဝင်သောအဖွဲ့မှ မြိုင်ယာကျွန်းနှင့် သာယာကုန်းရွာကြားတွင် မိုင်းအကြီး၊ အငယ် နှင့် လေယာဥ်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်မှ မိုင်းကွင်းအတွင်း ဝင်ရောက်လာရာ သုံးဦးနေရာပင် သေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ အထိနာကာ သာယာကုန်းရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ဝင်ရောက်ခဲ့ရာ အသက်(၆၀)ခန့် ကျေးရွာနေဒေသခံ အမျိုးသားတစ်ဦး ပေါင်၌ လက်နက်ကြီးကျည်အစ ထိမှန်ခဲ့ပြီး ကျေးရွာရှိ မီးရှို့ ဖျက်ဆီးခံရသည့် နေအိမ်တစ်လုံး အပါအဝင် နေအိမ် သုံးလုံး ပျက်စီးသည်။

တိုက်ပွဲကို အထိခိုက်မရှိဘဲ အချိတ်အဆက်မိမိဖြင့် အောင်မြင်စွာ အသာစီးရယူ တိုက်ခိုက်နိုင်ခဲ့ကြောင်း မြို့လှ KPDF က ပြောသည်။

ယမန်နေ့ကလည်း ရွှေကူ​မြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက်ခံ ခလရ(၇၇) အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုများနိုင်ကြောင်း မြို့လှ K-PDFက ထုတ်ပြန်ထားသည်။

အဆိုပါစစ်ကောင်စီအဖွဲ့မှာ ဗန်းမော်မြို့သို့ လက်နက်ရိက္ခာပို့ဆောင်ခဲ့သည့် သင်္ဘောများကို မြစ်ကြောင်း တစ်လျှောက်လုံခြုံရေးရယူခဲ့သည့်အဖွဲ့ ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။