Connect with us

Hi, what are you looking for?

သတင်း

ရုရှားသမ္မတနဲ့တွေ့ဆုံခွင့်ရလို့စစ်ကောင်စီခေါင်းဆောင်ပျော်မြူးနေ

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို လာတက်တဲ့ စစ်ကောင်စီခေါင်းဆောင်ကို ပူတင်က ဒီနေ့ မှာ လက်ခံတွေ့ဆုံခဲ့တာပါ။

ရုရှားသမ္မတနဲ့တွေ့ဆုံခွင့်ရလို့စစ်ကောင်စီခေါင်းဆောင်ပျော်မြူးနေ
ရုရှားသမ္မတနဲ့တွေ့ဆုံခွင့်ရလို့စစ်ကောင်စီခေါင်းဆောင်ပျော်မြူးနေ

အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံထံ ချောင်းပေါက်မတတ်သွားရောက်ခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင်ဟာ သုံးကြိမ်မြောက်ခရီးစဉ်မှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခွင့်ရလို့ ပျော်ရွှင်ကျေနပ်နေတာကိုတွေ့ရပါတယ်။

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို လာတက်တဲ့ စစ်ကောင်စီခေါင်းဆောင်ကို ပူတင်က ဒီနေ့ မှာ လက်ခံတွေ့ဆုံခဲ့တာပါ။

အဲဒီတွေဆုံမှုကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းထဲမှာ စစ်ကောင်စီခေါင်းဆောင်ဟာ ပူတင်ကို လက်အုပ်ချီ ပြီး မင်္ဂလာပါလို့ နှုတ်ဆက်ကာ ပြုံးပျော်ရွှင်နေတာကိုတွေ့ရပါတယ်။

ဒါအပြင် ရုရှားသမ္မတ ပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးလို့ ခေါ်ဝေါ် သုံးစွဲသလို ပူတင်ဟာ ကမ္ဘာရေးရာတွေမှာ သမာသမတ်ကျကျဆောင်ရွက်ပေးနေတယ်လို့ မြှောက်ပင့်ပြောဆိုသွားပါသေးတယ်။

Public Service Announcement

Public Service Announcement

တွေ့ဆုံမှုမှာလည်း ဆက်လက်ဆွေးနွေးလိုတဲ့အကြောင်းအရာတွေကို ဆက်ပြောခွင့်ရအောင် ပူတင်ဆီက မင်းအောင်လှိုင်က ခွင့်ပြုချက်တောင်းတာကိုလည်းတွေ့မြင်ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက် နိုင်ငံတကာရဲ့ ဖယ်ကျဉ်မှုကိုခံနေရပြီး ရုရှားနိုင်ငံသာကို ချောင်းပေါက်မတတ်သွားနေတာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

Facebook