Connect with us

Hi, what are you looking for?

သတင်း

ရုရှားသမ္မတကို ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရချိန်တွင် ကမ္ဘာ့ခေါင်းဆောင်ဟု မင်းအောင်လှိုင်မြှောက်ပင့်

အခြားသတင်းတရပ်တွင် မင်းအောင်လှိုင်သည် ရုရှားထံမှ လောင်စာစီဝယ်ယူထားပြီး မကြာမီရက်ပိုင်းအတွင်း ပို့ဆောင်ပေးမည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။

(အာဏာသိမ်း​ခေါင်​ဆောင်နှင့် ရုရှားသမ္မတတို့ ​တွေ့ဆုံစဥ်။ ဓါတ်ပုံ-Kremlin)
(အာဏာသိမ်း​ခေါင်​ဆောင်နှင့် ရုရှားသမ္မတတို့ ​တွေ့ဆုံစဥ်။ ဓါတ်ပုံ-Kremlin)

တရားမဝင်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားသမ္မတဗလာဒီမာပူတင်ကို ပထမဆုံး​တွေ့ခွင့်ရချိန်တွင်ကမ္ဘာ့ခေါင်းဆောင်အဖြစ် ရှုမြင်ကြောင်း မြှောက်ပင့်ပြောဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားကို ၃ ကြိမ်မြောက်သွားရောက်သည့်ခရီးစဉ်တွင်မှ ပူတင်ကို ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရချိန်၌ မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုတွေ့ဆုံမှုသည်လည်း နိုင်ငံတော်အဆင့်ဧည့်ခံကြိုဆိုတွေ့ဆုံခြင်းမဟုတ်ဘဲ မြို့တော်မော်စကိုနှင့် ကီလိုမီတာ ၉၁၂၉ (မိုင် ၅၆၇၂ ကျော်)ဝေးကွာသည့် ဗလာဒီဗို့စ်တော့မြို့၌ ကျင်းပ သည့် အရှေ့ပိုင်းစီးပွားရေးဖိုရမ်(EEF)၌ လက်ခံတွေ့ဆုံခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံကို ရုရှား၏ကျူးကျော်စစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံအများအပြား၏ ပြစ်တင်ရှုတ်ချမှုနှင့် ပိတ်ဆို့ဒဏ်ခတ်မှုများနှင့် ရင်ဆိုင်နေရသည့် ရုရှားခေါင်းဆောင်ကို နိုင်ငံတကာရပ်ဝန်းကို တည်ငြိမ်အောင်လုပ်ဆောင်နေသူအဖြစ် မြန်မာနိုင်ငံ၏ စစ်ရာဇဝတ်မှုများကျူးလွန်နေသူ မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က အခြေအနေ အခက်အခဲများစွာရှိခဲ့ပြီး အဲဒါကို ကျော်ဖြတ်လာခဲ့ပြီးမှ အဆွေတော် တာဝန်ယူတဲ့ ဆယ်စုနှစ်တစ်ခု ကျော်ကျော်လောက်အတွင်းမှာ ရုရှား နိုင်ငံဟာ တကယ်ကို ကြီးကျယ်၊ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ရောက်ရှိနေပြီဆိုတာ ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။ အဆွေတော်ရဲ့ ဦးဆောင်မှုကြောင့် ရုရှားနိုင်ငံ အခုလို ထိပ်တန်းနိုင်ငံဖြစ်လာတဲ့အတွက်ကြောင့် အဆွေတော်ရဲ့ ဦးဆောင်မှုကြောင့် ခေါင်းဆောင်မှုလည်း များစွာ ချီးကျူး ဂုဏ်ပြုပါကြောင်း ပြောလိုပါတယ်။ အဆွေတော်ဟာ ကမ္ဘာ့ခေါင်းဆောင် တစ်ယောက် ဖြစ်ပြီးတော့မှ ကမ္ဘာ့အရေးကိစ္စတွေကိုလည်းသမာသမတ်ကျကျ မှန်မှန်ကန်ကန်လုပ်ဆောင်နေတာလည်း ကျွန်နော်တို့ တွေ့ပါတယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။

ရုရှားသမ္မတ ပူတင်ကလည်း “အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာဆိုရင် ရုရှားရဲ့ ရေရှည်ပြီးယုံကြည်စိတ်ချရတဲ့မိတ်ဖက်ဖြစ်ပါတယ်” ဟု ပြောသည်။

ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကောင်းမွန်စွာတိုးတက်နေပြီး ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးပမာဏသည် သိပ် မကြီးမားသော်လည်း အလားအလာကောင်းကြောင်း ပူတင်က ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်ခေါင်းဆောင်က ပူတင်ကို တိကျသည့်သတင်းအချက်အလက်များပေးရန် ရှိသည်ဟု ပြောကြားသည်ဟုဆိုသည်။

အခြားသတင်းတရပ်တွင် မင်းအောင်လှိုင်သည် ရုရှားထံမှ လောင်စာစီဝယ်ယူထားပြီး မကြာမီရက်ပိုင်းအတွင်း ပို့ဆောင်ပေးမည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။

ရုရှားသည် စစ်တပ်က မြန်မာပြည်သူများကို သတ်ဖြတ်နိုင်ရေးအတွက် တိုက်လေယာဉ်အပါအဝင် စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို ရောင်းချပေးနေသည့် နိုင်ငံဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

Facebook