Connect with us

Hi, what are you looking for?

News

KNLA တပ်မဟာ ၆ နယ်မြေထဲ နှစ်နေရာမှာ ဒီကနေ့တိုက်ပွဲဖြစ်

“ရွာထဲမှာပစ်နေကြတယ်။ စစ်သားတွေက ရွာထဲမှာအပြည့်ပဲ၊ ခုနက အသံကြားရတယ်။ အလုံးကြီးဆို သဲသဲကွဲကွဲကြားရတယ်။ အခုတော့ ငြိမ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

People's Spring
People's Spring

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲက နေရာနှစ်နေရာမှာ ဒီကနေ့နေ့လည်ပိုင်းက KNLA တပ်နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့အနီး ကမိုင်ကုန်းရွာထဲကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတွေက နယ်မြေကျော်လွန်ရောက်ရှိလာလို့ ဒီကနေ့နေ့လည်ပိုင်းက KNLA တပ်နဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရတာပါ။

“ရွာထဲမှာပစ်နေကြတယ်။ စစ်သားတွေက ရွာထဲမှာအပြည့်ပဲ၊ ခုနက အသံကြားရတယ်။ အလုံးကြီးဆို သဲသဲကွဲကွဲကြားရတယ်။ အခုတော့ ငြိမ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် KNLA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ကြိတ်ရွာအနီးက ကွင်းကလေးရွာဘက်မှာလည်း ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေ့ ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတွေဟာ ဒီကနေ့မနက်ပိုင်းက ကော့ကရိတ်မြို့အနီး ကမိုင်ကုန်းရွာဘက်ကို တပ်စွဲနေရာယူပြီးတဲ့နောက် အခုလို KNLA တပ်နဲ့ ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။