Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ်တိုက်ပွဲ နယ်​မြေရှင်းလင်း၊ ပျက်စီးနေသော စစ်ကားတစ်စီးနှင့် သင်္ဂြိုလ်ထားသော စစ်သားအလောင်းတွေ့

လက်ရှိတွင် စစ်ကောင်စီတပ်က ကရင်နီဒေသတွင်းရှိ မြို့နယ်အလိုက် စစ်ကြောင်းထိုးမှုများရှိနေ၍ နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

(ထီးပေါ်ဆိုကျေးရွာတွင် မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီ ကားနှင့် စစ်ကောင်စီတပ် သား အလောင်းနှင့် သက်သေခံကဒ် ပြားများဖြစ်သည်။ဓာတ်ပုံ - KA)
(ထီးပေါ်ဆိုကျေးရွာတွင် မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီ ကားနှင့် စစ်ကောင်စီတပ် သား အလောင်းနှင့် သက်သေခံကဒ် ပြားများဖြစ်သည်။ဓာတ်ပုံ - KA)

အကြမ်းဖက်စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုကို အတည်ပြုမရခဲ့သည့် ဖရူဆိုမြို့ နယ်ရထီးပေါ်ဆိုကျေးရွာတိုက်ပွဲနေရာအား နယ်မြေရှင်းလင်းခဲ့ကြောင်း ကရင်နီတပ်မတော်(KA) က ထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၁၄ ရက်)က KA နှင့်ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၅ တို့ပူးပေါင်း နယ်မြေရှင်း လင်းစဥ် ပျက်စီးနေသော စစ်ကောင်စီကားတစ် စီးအပြင် သင်္ဂြိုလ်ထားသည့် စစ်ကောင်စီတပ်သားအလောင်းကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

“ထီးပေါ်ဆိုမှာက ဒီလ လဆန်းပိုင်း ၁ ရက်နေ့က တိုက်ပွဲ ဖြစ်တာ။ပြီးတော့ သြဂုတ်လ နောက်ဆုံးပတ်ကလည်း တိုက်ပွဲ တွေပြင်းထန်ခဲ့တယ်”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

(ထီးပေါ်ဆိုကျေးရွာတွင် မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီ ကားနှင့် စစ်ကောင်စီတပ် သား အလောင်းနှင့် သက်သေခံကဒ် ပြားများဖြစ်သည်။ဓာတ်ပုံ - KA)
(ထီးပေါ်ဆိုကျေးရွာတွင် မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီ ကားနှင့် စစ်ကောင်စီတပ် သား အလောင်းနှင့် သက်သေခံကဒ် ပြားများဖြစ်သည်။ဓာတ်ပုံ – KA)

ထို့အပြင် ယခုလ ၁၁ ရက်တွင် ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားမျာကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၄နှင့် တပ်ရင်း -၁၅ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း KA က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်က ကရင်နီဒေသတွင်းရှိ မြို့နယ်အလိုက် စစ်ကြောင်းထိုးမှုများရှိနေ၍ နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။