Connect with us

Hi, what are you looking for?

သတင်း

KNU ဖာပွန်ခရိုင်၌ နှစ်ရက်အတွင်း တိုက်ပွဲငါးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိ

တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီဘက်က ဒေသခံပြည်သူများ အပေါ် လက်နက်ကြီးများဖြင့် ခြိမ်းခြောက် ပစ်ခတ်နေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများနေ့စဉ် ပြုလုပ်နေသည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

(KNU တပ်မဟာ(၅)မှ တပ်သားများ စစ်ရေးလေ့ကျင့်နေစဉ်)
(KNU တပ်မဟာ(၅)မှ တပ်သားများ စစ်ရေးလေ့ကျင့်နေစဉ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန် သည်။

စက်တင်ဘာ ၁၆ရက်နှင့် ၁၇ရက်က ဖာပွန်ခရိုင်ရှိ စစ်ကောင်စီ၏ ခေါပုပ်စခန်း နှင့် လှဂွန်းပျို စခန်းတို့ကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၇ရက် နံနက်က ဖာပွန်မြို့အရှေ့မြောက်ဖက်တွင်အခြေချသည့် စစ်ကောင်စီ၏ ခေါပုပ်စခန်းအား တစ်ရက်အတွင်း နှစ်ကြိမ်တိုက် ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ထို့အပြင် လကျိုးခိုနှင့် လှဂွန်းပျိုရွာကြားတွင် တစ်ကြိမ်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှု သုံးကြိမ်အတွင်း စစ်ကောင် စီဘက်မှ သေဆုံးမှုကို အတိအကျမသိရသေးသော်လည်း တပ်မဟာ(၅)ဘက်က ထိခိုက်မှုမရှိဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၇ရက် ညနေပိုင်းတွင် စစ်ကောင်စီ ၏ လှဂွန်းပျို တပ်စခန်းအားထပ်မံ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က တစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၁၆ရက် နံနက်ကလည်း ခေါပုပ်စခန်းအား တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီဘက်က ဒေသခံပြည်သူများ အပေါ် လက်နက်ကြီးများဖြင့် ခြိမ်းခြောက် ပစ်ခတ်နေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများနေ့စဉ် ပြုလုပ်နေသည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။