Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်ထဲ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၅၀ ကျော်ကျဆုံးခဲ့တယ်လို့ ဆို

ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာဘက်ကတော့ ရဲဘော်တစ်ဦးသေဆုံးခဲ့ပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားတဲ့စာရင်းကနေ သိရပါတယ်။

ဖာပွန်ခရိုင်ထဲ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၅၀ ကျော်ကျဆုံးခဲ့တယ်လို့ ဆို
ဖာပွန်ခရိုင်ထဲ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၅၀ ကျော်ကျဆုံးခဲ့တယ်လို့ ဆို

ဖာပွန်ခရိုင်ထဲမှာ ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲပေါင်း(၆၀)ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ခွဲမှူးနဲ့ ဗိုလ်အဆင့်ရှိသူတွေအပါအဝင်(၅၁)ဦးသေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁)ရက်ကနေ (၁၅)ရက်အထိ မူတြော်ခရိုင်၊ ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်း တပ်မဟာ(၅)လက် အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲပေါင်း(၆၈) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က(၅၁) ဦးသေဆုံးခဲ့ပြီး (၃၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ တပ်ခွဲမှူးနှစ်ဦးနဲ့ ဗိုလ်အဆင့်ရှိသူတစ်ဦး ပါဝင်ပြီး ဒဏ်ရာရရှိခဲ့သူတွေထဲမှာတော့ တပ်ရင်းမှူးတစ်ဦးနဲ့ ဒုတပ်ရင်းမှူးနှစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာဘက်ကတော့ ရဲဘော်တစ်ဦးသေဆုံးခဲ့ပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားတဲ့စာရင်းကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စက်တင်ဘာလ(၇)ရက်က ဘူးသိုမြို့နယ်၊ ထီးသဒေါ့ထာ့ကျေးရွာအုပ်စု၊ တလာအောခို့ကျေးရွာသားတစ်ဦးကို နယ်ခြားစောင့်တပ်(BGF) အမှတ်(၁၀၁၄)တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့သလို စက်တင်ဘာ(၅)ရက်ကနေ (၇)ရက်နေ့အတွင်းကလည်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စက်တင်ဘာလ(၁)ရက်ကနေ (၁၅)ရက်နေ့အထိ စစ်ကောင်စီတပ်က လက်နက်ကြီး(၃၂)လုံး ပစ်ချခဲ့တယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်က ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။