Connect with us

Hi, what are you looking for?

သတင်း

စစ်ပွဲများ​၊ မိုင်းနှင့်​သေနတ်ကျည်​​ကြောင့်ထိခိုက်ပျက်စီးသည့် မော်တော်ယာဉ်များကိုလျော်ကြေးပေးမည်မဟုတ်ဟုအာမခံအသင်းထုတ်ပြန်

မြန်မာနိုင်ငံတွင် ပြည်တွင်းအာမခံကုမ္ပဏီ ၁၂ခုရှိပြီး ၎င်းတို့ကို စစ်ကောင်စီထိန်းချုပ်ထားသည့် အာမခံလုပ်ငန်းဘုတ်အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်က ရန်ကုန်မြို့လယ်တစ်​နေရာ။ ဓါတ်ပုံ-Dreamstime
အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်က ရန်ကုန်မြို့လယ်တစ်​နေရာ။ ဓါတ်ပုံ-Dreamstime

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော အခြေအနေများကြောင့် သေနတ်၊ကျည်ဆံ၊ ဗုံးနှင့်မိုင်းထိပြီး ပျက်စီးသည့် မော်တော်ယာဉ်များကို အာမခံလျော်ကြေးပေး​တော့မည်မဟုတ်ကြောင်း မြန်မာ့အာမခံအသင်းက ယမန်နေ့က ထုတ်ပြန်သည်။

စစ်​ကောင်စီကထိန်းချုပ်ထား​သောမြန်မာ့အာမခံအသင်းက ဩဂုတ် ၂၄ ရက်တွင်ပြုလုပ်​သော အစည်းအဝေးပြီး​နောက် အလုံးစုံအာမခံများပေါ်လစီများ ရှင်းလင်းပြတ်သားမှုရှိစေရန်အတွက်ဆိုကာ အာမခံကုမ္ပဏီများကိုအသင်းကအချက် ၃ ချက်ပါ​သောထုတ်ပြန်ရှင်းလင်းချက်ကို စက်တင်ဘာ၁၉ ရက်တွင်ထုတ်ပြန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအသင်းက အာမခံကုမ္ပဏီများကို အကြောင်းကြားရာတွင် မော်တော်ယာဉ် အာမခံပေါ်လစီအထွေထွေ စည်းမျဉ်းတွင် မည်ကဲ့သို့ဖော်ပြထားပါစေ စစ်ဘေးအန္တရာယ်ကြောင့် အာမခံလျှော်ကြေးပေးမည် မဟုတ်ဟုဆိုသည်။

“တိုက်ပွဲတွေကြားထဲမှာ ပျက်စီးသွားတဲ့ မော်တော်ယာဉ်တွေကို လျှော်ကြေးမပေးနိုင်ဘူးလို့ ပြင်လိုက်တာပါ”ဟု အာမခံကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီကထိန်းချုပ်ထား​သောအဆိုပါအသင်း၏ထုတ်ချက်တွင် အကြမ်းဖက်ဥပဒေအရထိခိုက်ပျက်စီးမှုများသည် လျော်ကြေးအကျုံးမဝင်ဟုလည်း ဆိုသည်။

အထွေထွေအာမခံကုမ္ပဏီများက လက်ရှိရောင်းချနေသည့် အလုံးစုံမော်တော်ယာဉ် အာမခံ ပေါ်လစီတွင် ပြဌာန်းသည့် စည်းမျဉ်းကို အဆိုပါအသင်းက ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းအာမခံကုမ္ပဏီ ၁၂ခုရှိပြီး ၎င်းတို့ကို စစ်ကောင်စီထိန်းချုပ်ထားသည့် အာမခံလုပ်ငန်းဘုတ်အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။