▪️ဝန်ထမ်းတစ်ဦးမှ သေနတ်လုယူ ခုခံရန်ကြိုးပမ်းသဖြင့် ဆုံးမခဲ့ရဟုဆို
မကွေးတိုင်း ပခုက္ကူမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့အာမခံလုပ်ငန်းနှင့် အခွန်ဦးစီးဌာနရုံးသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ပစ္စည်းများအားဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်းများပြုလုပ်ခဲ့သည်ဟု Young Force UG က ထုတ်ပြန်သည်။
ယနေ့(မတ်လ ၂၈ ရက်) နေ့လယ်၁နာရီခန့်တွင် စစ်ကောင်စီ၏ ထောက်တိုင်များထဲမှ တစ်ခုဖြစ်သော မြန်မာ့အာမခံလုပ်ငန်းနှင့် အခွန်ဦးစီးဌာနရုံးကို ဝင်ရောက်စီးနင်းရာတွင် RSO (PKU) ၊Earthquake People’s Defence force (UG)နှင့် Young Force (UG) စသည့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ဝင်ရောက်စီးနင်းရာတွင် ဝန်ထမ်းများအနေဖြင့် ပြည်သူနှင့် အတူရပ်တည်ရန်ပြောဆိုခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
သို့သော် ရုံးဝန်ထမ်းများမှ (စကစ)ထံသို့ ဖုန်းခေါ်ဆိုတိုင်ကြားရန်ပြုလုပ်သဖြင့် သိမ်းဆည်းခဲ့ရမှုများလည်းရှိကြောင်း သိရသည်။
ထို့အပြင် ရုံးဝန်ထမ်းတစ်ဦးမှ တပ်ဖွဲ့ဝင်တစ်ဦး ၏ လက်နက်အားလုယူပြီး ပြန်လည်ခုခံရန် ကြိုးစားသည့်အတွက် မှတ်လောက်သားလောက်အောင် ဆုံးမပေးခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“ ကျွန်တော်တို့ ရုံးထဲအထိရောက်အောင် ဝင်ခဲ့ပြီးပြီ။ဒါကြောင့် အသက်မသေချင်တော့ရင် CDM လုပ်ဖို့ ပြောလိုတယ်။နောက်ပြီး Non CDM တွေကို အရှိန်အဟုန်မြှင့်တိုက်ခိုက်သွားမယ်” ဟု Earthquake People’s Defence force (UG)အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။















































