Connect with us

Hi, what are you looking for?

News

မုံးကိုးတိုက်ပွဲ စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦးသေ၊ ၂၀ခန့် ဒဏ်ရာရဟု ကိုးကန့်တပ်ထုတ်ပြန်

စစ်ကောင်စီတပ်၏ အဆက်မပြတ်ထိုးစစ်ဆင်မှုကြောင့် မုံးကိုးဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ခြေရှိကြောင်း၊ MNDAA အနေဖြင့်လည်း ၎င်းတို့ အုပ်ချုပ်နယ်မြေကို ခုခံကာကွယ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

-ယနေ့ တိုက်ပွဲဆက်ဖြစ်၍ အရပ်သား ၄ဦးသေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသ၌ ဩဂုတ် ၂၈ရက်က ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးငါးဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ရင်း (၂၃၀) အပါအ၀င် အင်အား (၁၃၀) ခန့်သည် MNDAA တပ်စခန်းကို ထိုး စစ်ဆင်ရန် မုံးကိုးခရိုင် ကွန်းလုံရွာမှ ရှမန်ခုံရွာသစ်သို့ ချီတက်လာ၍ ဩဂုတ် ၂၈ရက် နေ့လည်ပိုင်း၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။ ယင်းနေရာ၌ ၁၀မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် MNDAAက ပြန်လည် ဆုတ်ခွာခဲ့ သည်ဟုဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ကုန်းလျှံရွာဘက်သို့ ဆက်လက်ချီတက်လာ၍ ညနေ ၄နာရီခန့်တွင် ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃နာရီ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွား ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တစ်နေ့တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးခဲ့ ပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ MNDAA အနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ စစ်သုံးပစ္စည်းတစ်ချို့ကို သိမ်းပိုက် နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က သေဆုံးခဲ့သူများအနက် တပ်ရင်းမှူး တစ်ဦးပါဝင်ကြောင်း ရှမ်းမြောက်ဒေသခံ တစ်ဦးက ပြောသည်။

“အဲဒီ ဒေသမှာဒီမနက်ပိုင်းမှာလည်း မနေ့က တပ်ရင်းတော့ မဟုတ်ဘူး တပ်ရင်း နောက်တစ်ခု နဲ့ ထိုးစစ်ဆင်လို့ မနက်ပိုင်းမှာ တိုက်ပွဲခဏဖြစ်လိုက်သေးတယ်ပြောတယ်”ဟု ဒေသခံက ပြောသည်။

ဩဂုတ် ၂၉ရက် တိုက်ပွဲတွင် မုံးကိုးဒေသ နမ့်ဟာ ကျေးရွာရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ အရပ်သား ၄ဦး သေဆုံးခဲ့ကြောင်း ဒေသခံက ပြောသည်။

မုံးကိုးဒေသ၌ ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့်စစ်ကောင်စီတပ်အကြား ဩဂုတ် ၂၈ရက် နေ့လည်ပိုင်းက မုံးကိုးဒေသ မန်ခွမ် အနီး၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ညနေပိုင်း၌ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်ကို KIAနှင့် MNDAAတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သတင်းသေားမှုများရှိသည်။ ယင်းနှင့်ပတ်သက်၍ MNDAA၏ ထုတ်ပြန်ချက်တွင် တိုက်ပွဲ၌ အခြားအဖွဲ့အစည်းများ ပါဝင်ကူညီခြင်းမရှိဘဲ MNDAAနှင့် မုံးကိုးခရိုင်ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

စစ်ကောင်စီတပ်၏ အဆက်မပြတ်ထိုးစစ်ဆင်မှုကြောင့် မုံးကိုးဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ခြေရှိကြောင်း၊ MNDAA အနေဖြင့်လည်း ၎င်းတို့ အုပ်ချုပ်နယ်မြေကို ခုခံကာကွယ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်