Connect with us

Hi, what are you looking for?

သတင်း

ရခိုင်နှင့် ပလက်ဝတွင် ယခုလပထမပတ်အတွင်း တိုက်ပွဲ ၂၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၄၀ ဦးသေဟု AA ထုတ်ပြန်

စစ်ကောင်စီတပ်က ဒေသခံပြည်သူများကိုပစ်မှတ်ထားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကလေးငယ်အဖွဲ့အဝင် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဓာတ်ပုံ - AA
ဓာတ်ပုံ - AA

AA ရဲဘော်အချို့လည်း ထိခိုက်ကျဆုံးမှုရှိ

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ပထမပတ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်ဟု AAက ယနေ့ သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ပထမပတ်အတွင်း တိုက်ပွဲကြီး ၁၀ကြိမ်အထက်နှင့် တိုက်ပွဲငယ် ၁၀ကြိမ်အထက် ရှိခဲ့ပြီး ရန်သူ့ဘက်က ၄၀ဦး သေဆုံးကာ ၂၅ဦး ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပြီး AA ရဲဘော်အချို့ ကျဆုံးဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

ဓာတ်ပုံ - AA
ဓာတ်ပုံ – AA

ရက္ခိုင်၊ ပလက်ဝစစ်မျက်နှာ၌ အထိနာနေသော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် အောက်တိုဘာ ၁ရက်မှ ၇ရက်အတွင်း ပလက်၀၊ ဘူးသီးတောင်၊မင်းပြား မြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ဒေသခံပြည်သူများကိုပစ်မှတ်ထားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကလေးငယ်အဖွဲ့အဝင် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးပစ်ခတ်မှုကို ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ၊ မောင်တောမြို့နယ် ကြိမ်ချောင်းဂိတ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းဗျူဟာကုန်း၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန် ရဲစခန်း၊ ကျောက်တော်အခြေစိုက် ခမရ (၅၃၉) တပ်ရင်းနှင့် အခြားတပ်စခန်းများ၊ မြောက်ဦးမြို့နယ်၊ သင်းကျစ်တောင်ဗျူဟာကုန်း၊ မင်းပြားမြို့နယ်ရှိ တပ်ရင်းတပ်ဖွဲ့များ စသည့် နေရာများမှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - AA
ဓာတ်ပုံ – AA

စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးပြီး အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများရှိ ၎င်းတို့၏ လှုပ်ရှားတပ်ရင်းများမှနေ၍ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်သည့်နေရာများသို့သာမက မည်သည့်တိုက်ပွဲ ဖြစ်ပွားခြင်းမျှ မရှိသည့်နေရာများသို့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ရွာ (၁၃)ရွာထိခိုက်ခဲ့ကာ၊ လူ တစ်ဦးသေဆုံး၊ (၉)ဦး ထိခိုက်ဒဏ်ရာရပြီး၊ နွား (၃)ကောင် သေဆုံးခဲ့ရကြောင်း၊ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်သည်။

ထို့အပြင် စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်၌ ချွတ်ခြုံကျလျက်ရှိသော စစ်ကောင်စီတပ်သည် သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း စသည့်မြို့နယ်များမှ အပြစ်မဲ့အရပ်သား ပြည်သူများအား အပြစ်မရှိအပြစ်ရှာကာ အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက် ရှိနေသည်ဟု AAက ဆိုသည်။

ဓာတ်ပုံ - AA
ဓာတ်ပုံ – AA

စစ်ကောင်စီတပ်သည် ၎င်းတို့အထိနာတိုင်း လုပ်လေ့လုပ်ထရှိသော လုပ်ရပ်များကို ပြုလုပ်ရင်း စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း၊ ဖြတ်လေးဖြတ်ဟူသော ခေါင်းစဉ်အောက်တွင် ပြည်သူလူထုများ၏ စားဝတ်နေရေး၊ အခြေခံစားသုံးကုန်များ၊ ဆေးဝါးများအပါအဝင် မရှိမဖြစ်သော အခြေခံလူသုံးကုန် ပစ္စည်းများသယ်ယူခွင့်မရအောင် ကုန်းလမ်း၊ ရေလမ်းများအား တင်းကျပ်စွာပိတ်ဆို့လျက် ပြည်သူများ အငတ်ဘေးမဆိုက်ဆိုက်အောင် လုပ်ဆောင်လျက်ရှိကြောင်း AAက ထုတ်ပြန်သည်။

ဓာတ်ပုံ - AA
ဓာတ်ပုံ – AA

စစ်ကောင်စီတပ်၏ ယခုကဲ့သို့ ပြည်သူများအပေါ် လူမဆန်စွာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ် ကျူးလွန်နေခြင်း၊ ပြည်သူလူထုများကို အဓိကပစ်မှတ်ထား၍ ဦးတည်တိုက်ခိုက်နေခြင်း၊ ရက္ခိုင်နှင့်ပလက်ဝရှိ ၎င်းတို့၏တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယမ်းများကို အဆမတန်ဖြည့်တင်းနေခြင်းတို့ကြောင့် ရှေ့ရက်များတွင်လည်း ရက္ခိုင်နှင့်ပလက်ဝဒေသများ၌ တိုက်ပွဲများမှာ နေရာအနှံ့ ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။