Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတမြို့တွင်’နန်းထိုက်အောင် စစ်ဆင်ရေး’ အဖြစ် နေရာနှစ်ခုတွင် တိုက်ခိုက်

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေး အကြောင်းပြကာ မြို့ခံများထံမှ ‌နေ့စဉ် မတရားငွေကောက်ခံနေသည့် စစ်ကောင်စီနှင့် ဌာနဆိုင်ရာဝန်ထမ်းအုပ်စုကို ဆိုင်ကယ်တွင် ဗုံးဆင်၍ တိုက် ခိုက်သွားခြင်းဟု မြို့ခံများက ပြောသည်။

ဟင်္သာတမြို့တွင်'နန်းထိုက်အောင် စစ်ဆင်ရေး' အဖြစ် နေရာနှစ်ခုတွင် တိုက်ခိုက်
ဟင်္သာတမြို့တွင်'နန်းထိုက်အောင် စစ်ဆင်ရေး' အဖြစ် နေရာနှစ်ခုတွင် တိုက်ခိုက်

ဟင်္သာတမြို့တွင် ယမန်နေ့က “နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် နေရာနှစ်ခုတွင် တိုက်ခိုက်ခဲ့ကြောင်း ဟင်္သာတမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(အောက်တိုဘာလ ၁၃ရက်)ညနေက ဟင်္သာတမြို့လယ် အာဇာနည်ပန်းခြံအနီးတွင် ရှိနေသော စစ်ကောင်စီအုပ်စုနှင့် အမှတ်(၂)ရဲစခန်းကို တပြိုင်နက်တိုက်ခိုက်ခံခြင်းဟု ဆိုသည်။

အဆိုပါ နေရာနှစ်ခုကို အဝေးထိန်မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဟင်္သာတမြို့နယ် ပြည်သူကာကွယ် ရေးအဖွဲ့က ထုတ်ပြန်သည်။

“ကား၊မော်တော်ဆိုင်ကယ်၊ စက်ဘီးများအား မတရားဖမ်းဆီး ငွေကြေးတောင်းယူနေသော အဖွဲ့အား အဝေးထိန်း ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲခဲ့ပါသည်။ တပြိုင်တည်းမှာပင် ဟင်္သာတမြို့နယ် အမှတ်(၂)ရဲစခန်းကိုလည်း ထိုနည်းတူ ဖောက်ခွဲခဲ့ပါသည်”ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြို့အပြင်ဘက်တွင်ရှိသော အမှတ် (၂)ရဲစခန်းတိုက်ခိုက်မှုတွင် ထိခိုက်မှုကို မသိရသေးသော်လည်း အာဇာနည်ပန်းခြံအနီးတိုက်ခိုက်မှုတွင် ရဲနှစ်ဦးဒဏ်ရာရကာ တစ်ဦးသေဆုံးသွားသည်ဟု မြို့ခံများကပြောသည်။

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေး အကြောင်းပြကာ မြို့ခံများထံမှ ‌နေ့စဉ် မတရားငွေကောက်ခံနေသည့် စစ်ကောင်စီနှင့် ဌာနဆိုင်ရာဝန်ထမ်းအုပ်စုကို ဆိုင်ကယ်တွင် ဗုံးဆင်၍ တိုက် ခိုက်သွားခြင်းဟု မြို့ခံများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ဟင်္သာတဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (HLPDF)နှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့သည်ဟုလည်း အသိပေးထားသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီအဖွဲ့နှင့်အနီးကပ်‌မနေကြရန်လည်း ဟင်္သာတမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။