Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်ကို အင်းစိန်ထောင်ရွှေ့

ပါမောက္ခရှောင်တာနယ်ကို ထောင်ပြောင်းလိုက်တာကို အမှုနဲ့နီးစပ်သူတစ်ဦးက အတည်ပြုတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

အင်းစိန်ထောင်မှာ ရှောင်တာနယ်ကို ကျန်းမာရေးစစ်ဆေးနေပုံ (ပုံဟောင်း)
အင်းစိန်ထောင်မှာ ရှောင်တာနယ်ကို ကျန်းမာရေးစစ်ဆေးနေပုံ (ပုံဟောင်း)

အစိုးရလျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ်ချထားတဲ့ NLD စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသားစီးပွားရေးပါမောက္ခ ရှောင်တာနယ်ကို နေပြည်တော်အချုပ်ထောင်ကနေ အင်းစိန်ထောင်ဆီ ပြောင်းရွှေ့လိုက်ပါတယ်။

ပါမောက္ခရှောင်တာနယ်ကို ထောင်ပြောင်းလိုက်တာကို အမှုနဲ့နီးစပ်သူတစ်ဦးက အတည်ပြုတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။

ရှောင်တာနယ်ဟာ စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ရန်ကုန်မှာ ဖမ်းခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ခံခဲ့ရပါတယ်။

သူရဲ့ကွန်ပြူတာထဲမှာ မြန်မာနိုင်ငံစီးပွားရေးအချက်အလက်တွေ တွေ့တယ်ဆိုကာ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ၊ ဗီဇာစည်းကမ်းချိုးဖောက်မှု လဝက ပုဒ်မတွေနဲ့ တရားစွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ နှစ်ကုန်ပိုင်းမှာ နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့လိုက်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ထောင်ဒဏ် ၃ နှစ်ချထားတာဖြစ်ပါတယ်။

ရှောင်တာနယ်လွတ်မြောက်ဖို့အတွက် သြစတြေးလျ အစိုးရ က စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။