Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့နယ်တွင် နှစ်ရက်အတွင်း NLD ပါတီခရိုင်ဒုဥက္ကဌအပါအဝင် ပါတီထောက်ခံသူခြောက်ဦး အသတ်ခံရ

အောက်တိုဘာ ၁ ရက်ကညောင်ဦးမြို့တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်ဟောင်းအသတ်ခံရပြီးနောက် NLDပါတီ ထောက်ခံသူများ ဆက်တိုက်အသတ်ခံရခြင်း ဖြစ်သည်။

NLD ပါတီခရိုင်ဒုဥက္ကဌဦးကျော်ဝင်း​၏ ရုပ်အလောင်းအား တွေ့ရစဉ်
NLD ပါတီခရိုင်ဒုဥက္ကဌဦးကျော်ဝင်း​၏ ရုပ်အလောင်းအား တွေ့ရစဉ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် နှစ်ရက်အတွင်း NLD ပါတီ ခရိုင်ဒုဥက္ကဌ အပါအဝင် ပါတီထောက်ခံသူ ခြောက်ဦးအသတ်ခံရကြောင်းဒေသခံများက People’s Springသို့ ပြောသည်။

အောက်တိုဘာ ၂ရက် ည၁နာရီခွဲခန့်က ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ဆည်ရွာ‌ ကျေးရွာနေ NLD ပါတီညောင်ဦးခရိုင်ဒုဥက္ကဌ ဦးကျော်ဝင်းနှင့် သမီးဖြစ်သူကို စစ်​ကောင်စီလက်​အောက်ခံပျူ​စောထီးနှင့် ​သွေး​သောက်အဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ကြောင်း ညောင်ဦးမြို့ ဒေသခံများက ပြောသည်။ ထို့နောက် သမီးဖြစ်သူကို ပြန်လွှတ်ပေးပြီး ဦးကျော်ဝင်းကို သတ်ဖြတ်ပြီး နောက်တစ်ရက်တွင်ကျေးရွာရှိအမှိုက်ပုံအနီး၌အလောင်းစွန့်ပစ်ခဲ့ကြောင်းဒေသခံများကပြောသည်။

ထို့အပြင်အောက်တိုဘာ ၂ရက်တွင်ပင်ညောင်ဦးမြို့နယ်စဥ့်ကူကျေးရွာမှ NLD ပါတီထောက်ခံသူအမျိုးသမီးနှစ်ဦးနှင့်အမျိုးသားသုံးဦးကို ဖမ်းဆီးခဲ့သည်။ ထို​နောက်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးကို သတ်ဖြတ်ကာ ကျေးရွာရှိ တိုက်နယ်ဆေးရုံအနီးတွင် အလောင်းများကို စွန့်ပစ်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကိုဇော်ကြီး​၏ ရုပ်အလောင်းအား တွေ့ရစဉ်
ကိုဇော်ကြီး​၏ ရုပ်အလောင်းအား တွေ့ရစဉ်

သတ်ဖြတ်ခံရသည့် အလောင်းသုံးလောင်းအနက် စိန်စတိုးစျေးဆိုင်ပိုင်ရှင် NLD ပါတီဝင်အသက်(၃၂)နှစ်အရွယ် မသော်မီမီဝင်းမှာ အဓမ္မပြုကျင့်ခံထားရကြောင်းလည်းဒေသခံများက ​ပြောသည်။မ​သော်မီမီဝင်းမှာသာမာန်ပါတီဝင်တစ်ဦးဖြစ်ပြီး ဒလန်က ပုဂ္ဂိုလ်​ရေးမ​ကျေနပ်ချက်​ကြောင့်သတင်း​ပေး၍ အသတ်ခံရခြင်းဖြစ်နိုင်​ကြောင်​ဒေသခံတစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အောက်တိုဘာ ၃ရက်တွင် ညောင်ဦးမြို့နယ် NLD ပါတီမှ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်၏ ညီဖြစ်သူ ဇီးကွက်ပုန်းရည်ကြီးလုပ်ငန်းပိုင်ရှင် ဦးဇော်ကြီးအား ဆိုင်ကယ်စီး လူသုံးဦးက လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“နေအိမ်လာပြီး ဦးမြင့်စိန်ရှိလား မေးတယ်။ နောက်ပြီး သူ့ကိုခေါ်ပြီးဖမ်းတာ။ အစက ထွက်ပြေးသေးတယ်။ မလွတ်ဘူး၊ အိမ်ထဲမှာပဲ ရိုက်နှက်၊ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတာ”ဟု ညောင်ဦးမြို့ ‌ဒေသဒေတစ်ဦးက ပြောသည်။

ထို့နောက် ဦးဇော်ကြီးအား သတ်ဖြတ်ပြီးနောက် မြို့ရှောင်လမ်းဘေးတွင် အလောင်းအား စွန့်ပစ်ထားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ တောင်ဘီကျေးရွာမှ အာနန္ဒာဘုရားဂေါပကအဖွဲ့ဝင်ဖြစ်သူ ဦးမြင့်ကျော်အား အောက်တိုဘာ ၃ရက်တွင် ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ပြီး ၎င်း​၏ ရုပ်အလောင်းကိုလည်း မြို့ရှောင်လမ်းဘေးတွင် စွန့်ပစ်ထားခဲ့ကြောင်း ညောင်ဦး PDFမှ ရဲဘော်တစ်ဦးကပြောသည်။

မသော်မီမီဝင်း
မသော်မီမီဝင်း

ညောင်ဦးမြို့မှ ဦးဇော်ကြီးနှင့် ဦးမြင့်ကျော်တို့​၏ ရုပ်အလောင်းများကို အောက်တိုဘာ ၄ရက်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ညောင်ဦးမြို့နယ်ရှိ ဒေသခံပြည်သူခြောက်ဦးအား ဖမ်းဆီးသတ်ဖြတ်သွားသူများမှာ စစ်အုပ်စု​၏ လက်ပါးစေ ပျူစောထီးများနှင့် သွေးသောက်အဖွဲ့ဝင်များသည်ဟု ဒေသခံများ သုံးသပ်သည်။ ​ဖမ်းဆီးသတ်ဖြတ်သူများသည် ​ဒေသခံများမဟုတ်ဘဲ မျက်နှာစိမ်း လူမိုက်ပုံစံ​ပေါက်​နေသူများဖြစ်​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

“ပြည်သူတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်”​ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

အောက်တိုဘာ ၁ ရက်ကညောင်ဦးမြို့တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်ဟောင်းအသတ်ခံရပြီးနောက် NLDပါတီ ထောက်ခံသူများ ဆက်တိုက်အသတ်ခံရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မေတ္တာပို့ဆုတောင်းတာတွေ ပြုလုပ်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။