Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်မှာ ဆန္ဒပြသူ တစ်ဦးကို တရုတ် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေ ရိုက်နှက်

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမြန်ဆုံး ဖြေရှင်းချက်ပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ကလည်း ဒီကိစ္စအတွက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာ ဆန္ဒပြသူ တစ်ဦးကို တရုတ် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေ ရိုက်နှက်
ဗြိတိန်မှာ ဆန္ဒပြသူ တစ်ဦးကို တရုတ် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေ ရိုက်နှက်

ဗြိတိန်နိုင်ငံမှာ ဆန္ဒပြနေတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူ တစ်ဦးဟာ တရုတ် ကောင်စစ်ဝန်ရုံးထဲ ဆွဲသွင်းပြီး ရိုက်နှက်ခံခဲ့ရပါတယ်။

အောက်တိုဘာ ၁၆ ရက်က မန်ချက်စတာမြို့မှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ရုံးရှေ့မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ စုဝေး ဆန္ဒပြနေတုန်း ဘယ်သူဘယ်ဝါမှန်း မသိတဲ့သူတွေ ထွက်လာပြီး ဟောင်ကောင် အမျိုးသား တစ်ဦးကို ကောင်စစ်ဝန်ရုံးထဲ ဆွဲသွင်းပြီး ရန်ပြု ရိုက်နှက်ခဲ့ကြပါတယ်။

ဗြိတိန် ရဲတွေနဲ့ တခြားဆန္ဒပြသူတွေက ဝိုင်းဝန်း ကူညီကြလို့သာ အဲဒီ ဟောင်ကောင် အမျိုးသားဟာ ကောင်စစ်ဝန်ရုံး ခြံဝန်းအပြင်ဖက်ကို ဘေးမသီ ရန်မခ ပြန်ထွက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေက သူ့ကို အတင်းဆွဲခေါ်ပြီး ရိုက်နှက်ခဲ့ကြကြောင်း အဲဒီ ဟောင်ကောင် အမျိုးသားက သတင်းထောက်တွေကို ပြောပါတယ်။ ကောင်စစ်ဝန်ရုံးဖက်ကတော့ အဲဒီ အမျိုးသားဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ ဓာတ်ပုံကို မဖွယ်မရာ စော်ကားမှု တစ်ခုကြောင့် အခုလို အခြေအနေမျိုး ကြုံခဲ့ရတာလို့ တုံ့ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမြန်ဆုံး ဖြေရှင်းချက်ပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ကလည်း ဒီကိစ္စအတွက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဟောင်ကောင်ကို တရုတ်ပြည်မကြီးက လွှမ်းမိုး ချုပ်ကိုင်ထားတာနဲ့ ပတ်သက်လို့ ဆန့်ကျင် ဆန္ဒပြနေချိန်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူ တစ်ဦးကို ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေက ရန်ပြုခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ ဗြိတိန်လို လွတ်လပ် ပွင့်လင်းတဲ့ နိုင်ငံမျိုးမှာတောင် တရုတ် ကောင်စစ်ဝန်ရုံးရဲ့ ရန်လိုတဲ့ အပြုအမူမျိုးကို တွေ့ရတာ အံ့ဩဖို့ ကောင်းတယ်လို့ တိုက်ခိုက်ခံရတဲ့ အမျိုးသားက ဆိုပါတယ်။

အစောပိုင်းမှာ ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေက ဆန္ဒပြသူတွေကို လမ်းတစ်ဖက်ကို ကူးသွားဖို့ လာရောက် တောင်းဆိုခဲ့သေးတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဆန္ဒပြသူတွေနားမှာ ရဲ ၂ ဦး စောင့်ကြပ်နေခဲ့ပေမယ့် ပြဿနာ ဖြစ်ခဲ့တဲ့နောက် တခြား ရဲအရာရှိတွေပါ ထပ်ရောက်လာခဲ့ပါတယ်။ ရဲတွေရဲ့ အဆိုအရ ခေါင်းဆောင်းတွေ၊ အကာအကွယ် ဝတ်စုံတွေ ဝတ်ထားသူ ၈ ဦးလောက်ဟာ ဆန္ဒပြသူ တစ်ဦးကို ရန်ပြုခဲ့တဲ့နောက် ကောင်စစ်ဝန်ရုံးထဲ ပြန်ဝင်သွားကြောင်း သိရပါတယ်။

ကောင်စစ်ဝန်ရုံးကို ဗြိတိန်မြေပေါ်မှာ တည်ဆောက် ဖွင့်လှစ်ထားပေမယ့် သံတမန်ရေးရာ စည်းမျဉ်းတွေအရ သက်ဆိုင်ရာ နိုင်ငံရဲ့ ခွင့်ပြုချက် မပါဘဲ ဝင်ရောက်ခွင့် မရှိကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

Facebook