Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်သံမှူးကို ချက်ချင်းနှင်ထုတ်၍ မြန်မာ့အရေး ICC သို့ လွှဲပြောင်းရေး ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးကို အရပ်ဘက်အဖွဲ့ ၃၀ တောင်းဆို

တိကျပြတ်သားသော ပထမဆုံးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သံမှူး ဗိုလ်ကြီးစိုးအောင်ကို ဗြိတိန်မှ ချက်ချင်းနှင်ထုတ်ရန်လိုအပ်ပြီး အရေးယူဆောင်ရွက်မှု ၅ ရပ်ကိုလည်း အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။

ဗြိတိန် နိူင်ငံခြား​ရေးဝန်ကြီး ။ ။ ဓါတ်ပုံ-APA
ဗြိတိန် နိူင်ငံခြား​ရေးဝန်ကြီး ။ ။ ဓါတ်ပုံ-APA

စစ်ကောင်စီ၏ စစ်သံမှူးကို ချက်ချင်းနှင်ထုတ်၍ မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) သို့လွှဲပေးနိုင်ရေး အားပေးထောက်ခံရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးထံအရပ်ဘက်အဖွဲ့အစည်း ၃၀ က အိတ်ဖွင့်ပေးစာပို့ တောင်းဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းသည် ပိုမိုဆိုးရွားနက် ရှိုင်းလာပြီး စစ်တပ်၏ လူမဆန်ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို တားဆီးရန် ချက်ချင်း အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန် Myanmar Unity Movement နှင့် အရပ်ဘက်အဖွဲ့အစည်း ၂၉ ဖွဲ့က တောင်းဆိုထားခြင်းဖြစ်သည်။

တိကျပြတ်သားသော ပထမဆုံးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သံမှူး ဗိုလ်ကြီးစိုးအောင်ကို ဗြိတိန်မှ ချက်ချင်းနှင်ထုတ်ရန်လိုအပ်ပြီး အရေးယူဆောင်ရွက်မှု ၅ ရပ်ကိုလည်း အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီအတွက် တာဝန်ထမ်းဆောင်နေသော စစ်သံမှူးဗိုလ်ကြီးစိုးအောင်က ဗြိတိန်ရှိ မြန်မာအသိုင်းအဝိုင်းအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး ၎င်း၏တည်ရှိမှုသည် လူမဆန်သော စစ်တပ်ကို တရားဝင်မှုပေးနေသည့်သဘောသက်​ရောက်ကြောင်းလည်း အိတ်ဖွင့်ပေးစာ၌ ဖော် ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ စစ်ကောင်စီကို အရေးယူနိုင်ရေး ဗြိတန်က အားပေးထောက်ခံမည်ဟု ကြေညာရန်၊ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ လွှဲပေးနိုင် ရေး အားပေးထောက်ခံမည်ဟု ကြေညာရန်၊ စစ်တပ်ကို လေယာဉ်ဆီထောက်ပံ့သူများကို ပိတ်ဆို့ဒဏ် ခတ်ရေး၊ မြန်မာစစ်တပ်ကိုလက်နက်ထောက်ပံ့နေသည့် ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ရုရှားကဲ့သို့ သော နိုင်ငံများကို ပိုမိုဖိအားပေးရေး မဟာမိတ်များနှင့်ပူးပေါင်းလုပ်ဆောင်ရန်၊ မြန်မာပြည်သူများ၏ ဆန္ဒကို အသိအမှတ်ပြုရေး NUG အစိုးရကို အားပေးထောက်ခံရန် အချက် ၅ ချက်ကို လည်း တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ အစိုးရရှေ့နေချုပ်ဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေကြောင့် ရာထူးကနေ ထုတ်ပယ် ခံလိုက်ရပြီ ဖြစ်ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြား​ရေးဝန်ကြီးများ ​ဆွေး​နွေးပွဲမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းနဲ့ အရှေ့အလယ်ပိုင်း ဒေသရဲ့ စစ်ရေး တင်းမာမှု အခြေအနေတွေဟာ အဓိက ဆွေးနွေးမှု ခေါင်းစဉ်တွေ ဖြစ်လာနိုင်ကြောင်း Thai PBS သတင်းဌာနက​ဖော်ပြပါတယ်။

Facebook