Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဗြိတိန်မှာ ဆန္ဒပြသူ တစ်ဦးကို တရုတ် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေ ရိုက်နှက်

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမြန်ဆုံး ဖြေရှင်းချက်ပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ကလည်း ဒီကိစ္စအတွက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာ ဆန္ဒပြသူ တစ်ဦးကို တရုတ် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေ ရိုက်နှက်
ဗြိတိန်မှာ ဆန္ဒပြသူ တစ်ဦးကို တရုတ် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေ ရိုက်နှက်

ဗြိတိန်နိုင်ငံမှာ ဆန္ဒပြနေတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူ တစ်ဦးဟာ တရုတ် ကောင်စစ်ဝန်ရုံးထဲ ဆွဲသွင်းပြီး ရိုက်နှက်ခံခဲ့ရပါတယ်။

အောက်တိုဘာ ၁၆ ရက်က မန်ချက်စတာမြို့မှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ရုံးရှေ့မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ စုဝေး ဆန္ဒပြနေတုန်း ဘယ်သူဘယ်ဝါမှန်း မသိတဲ့သူတွေ ထွက်လာပြီး ဟောင်ကောင် အမျိုးသား တစ်ဦးကို ကောင်စစ်ဝန်ရုံးထဲ ဆွဲသွင်းပြီး ရန်ပြု ရိုက်နှက်ခဲ့ကြပါတယ်။

ဗြိတိန် ရဲတွေနဲ့ တခြားဆန္ဒပြသူတွေက ဝိုင်းဝန်း ကူညီကြလို့သာ အဲဒီ ဟောင်ကောင် အမျိုးသားဟာ ကောင်စစ်ဝန်ရုံး ခြံဝန်းအပြင်ဖက်ကို ဘေးမသီ ရန်မခ ပြန်ထွက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေက သူ့ကို အတင်းဆွဲခေါ်ပြီး ရိုက်နှက်ခဲ့ကြကြောင်း အဲဒီ ဟောင်ကောင် အမျိုးသားက သတင်းထောက်တွေကို ပြောပါတယ်။ ကောင်စစ်ဝန်ရုံးဖက်ကတော့ အဲဒီ အမျိုးသားဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ ဓာတ်ပုံကို မဖွယ်မရာ စော်ကားမှု တစ်ခုကြောင့် အခုလို အခြေအနေမျိုး ကြုံခဲ့ရတာလို့ တုံ့ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမြန်ဆုံး ဖြေရှင်းချက်ပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ကလည်း ဒီကိစ္စအတွက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဟောင်ကောင်ကို တရုတ်ပြည်မကြီးက လွှမ်းမိုး ချုပ်ကိုင်ထားတာနဲ့ ပတ်သက်လို့ ဆန့်ကျင် ဆန္ဒပြနေချိန်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူ တစ်ဦးကို ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေက ရန်ပြုခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ ဗြိတိန်လို လွတ်လပ် ပွင့်လင်းတဲ့ နိုင်ငံမျိုးမှာတောင် တရုတ် ကောင်စစ်ဝန်ရုံးရဲ့ ရန်လိုတဲ့ အပြုအမူမျိုးကို တွေ့ရတာ အံ့ဩဖို့ ကောင်းတယ်လို့ တိုက်ခိုက်ခံရတဲ့ အမျိုးသားက ဆိုပါတယ်။

အစောပိုင်းမှာ ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေက ဆန္ဒပြသူတွေကို လမ်းတစ်ဖက်ကို ကူးသွားဖို့ လာရောက် တောင်းဆိုခဲ့သေးတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဆန္ဒပြသူတွေနားမှာ ရဲ ၂ ဦး စောင့်ကြပ်နေခဲ့ပေမယ့် ပြဿနာ ဖြစ်ခဲ့တဲ့နောက် တခြား ရဲအရာရှိတွေပါ ထပ်ရောက်လာခဲ့ပါတယ်။ ရဲတွေရဲ့ အဆိုအရ ခေါင်းဆောင်းတွေ၊ အကာအကွယ် ဝတ်စုံတွေ ဝတ်ထားသူ ၈ ဦးလောက်ဟာ ဆန္ဒပြသူ တစ်ဦးကို ရန်ပြုခဲ့တဲ့နောက် ကောင်စစ်ဝန်ရုံးထဲ ပြန်ဝင်သွားကြောင်း သိရပါတယ်။

ကောင်စစ်ဝန်ရုံးကို ဗြိတိန်မြေပေါ်မှာ တည်ဆောက် ဖွင့်လှစ်ထားပေမယ့် သံတမန်ရေးရာ စည်းမျဉ်းတွေအရ သက်ဆိုင်ရာ နိုင်ငံရဲ့ ခွင့်ပြုချက် မပါဘဲ ဝင်ရောက်ခွင့် မရှိကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။