Connect with us

Hi, what are you looking for?

သတင်း

ဒူးပလာယာခရိုင်အတွင်းစစ်ဘေးရှောင် စံချိန်တင်မြင့်တက်နေကြောင်းKNU ပြောရေးဆိုခွင့်ရှိသူပြော

“တပ်မဟာ(၆)တခုလုံးမှာ တိုက်ပွဲဖြစ်တာမှန်တယ်။ အဲ့ဒါကြောင့်မို့လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့လူက ကျွန်တော်တို့စာရင်းကောက်ထားတဲ့အတိုင်းဆိုတော့ ရှစ်သောင်းကျော်တယ်လေ IDP ဦးရေစာရင်းက။ အခုဆိုရင်တော့ တော်တော်ကြီးစံချိန်က တင်သွားတယ်၊ တစ်သိန်းနီးပါးလောက်ဖြစ်နေတယ်” လို့ ပဒိုစောတောနီးက ပြောသည်။

ဒူးပလာယာခရိုင်အတွင်းစစ်ဘေးရှောင် စံချိန်တင်မြင့်တက်နေကြောင်း KNU ပြောရေးဆိုခွင့်ရှိသူပြော
ဒူးပလာယာခရိုင်အတွင်းစစ်ဘေးရှောင် စံချိန်တင်မြင့်တက်နေကြောင်း KNU ပြောရေးဆိုခွင့်ရှိသူပြော

စစ်ကောင်စီတပ်၏ စစ်ဆင်ရေးဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်များကြောင့် ဒူးပလာယာခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့်လူဦးရေ ယခင်ကထက်ပိုများပြားလာခဲ့သည်ဟု ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

“တပ်မဟာ(၆)တခုလုံးမှာ တိုက်ပွဲဖြစ်တာမှန်တယ်။ အဲ့ဒါကြောင့်မို့လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့လူက ကျွန်တော်တို့စာရင်းကောက်ထားတဲ့အတိုင်းဆိုတော့ ရှစ်သောင်းကျော်တယ်လေ IDP ဦးရေစာရင်းက။ အခုဆိုရင်တော့ တော်တော်ကြီးစံချိန်က တင်သွားတယ်၊ တစ်သိန်းနီးပါးလောက်ဖြစ်နေတယ်” လို့ ပဒိုစောတောနီးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေဖြစ်သော မြ၀တီ-ကော့ကရိတ်အာရှလမ်း၊ မြ၀တီ-ဝေါ်လေ ကားလမ်းအနီး ဒေသတစ်၀ိုက်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့သည်။

ယမန်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် ဘီးစကပ်ကျေးရွာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KNLA နဂါးနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သလို ဘီးစကပ်ကျေးရွာနှင့် ပတ်ဝန်းကျင်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလအစောပိုင်းတွင် တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူဒေသအနီး မက္ကသာကျေးရွာအပေါ် စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းမီးလောင်ပျက်စီးသွားခဲ့ပြီး ဦးဇင်းတစ်ပါး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ဒေသခံရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကြခတ်ချောင်၊ ဂုမ်ဘီ၊ ဝါးဘိုးကုန်းကျေးရွားများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များအနီး ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေပြည်သူလူထုများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများနှင့် ထိုးစစ်ဆင်မှုများကြောင့် ကရင်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ရသူ သုံးသိန်းခွဲကျော်ရှိလာသည်။ ထွက်ပြေးတိမ်းရှောင်နေရသူများသည် ထိခိုက်ဒဏ်ရာရရှိမှု၊ မြေမြှုပ်မိုင်းပေါက်ကွဲမှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး အန္တရာယ်များကို ရင်ဆိုင်ကြရသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။