Connect with us

Hi, what are you looking for?

News

တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုပေးဖို့ နယူးဇီလန်နဲ့ ဩစတြေးလျကို NUG တောင်းဆို

လူမျိုးတုံး သတ်ဖြတ်နေတဲ့ စစ်အုပ်ချုပ်ရေးကို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အားကောင်းတဲ့ အရေးယူမှုတွေနဲ့သာ တားဆီးနိုင်ပါလိမ့်မယ်လို့ ဒေါက်တာဆာဆာက သတိပေးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို တရားဝင်အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုဆက်ဆံဖို့ နယူးဇီလန်လွှတ်တော်အမတ်တွေကို NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက တောင်းဆိုသည်။

NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဟာ မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါ၊ လူသားချင်းစာနာထောက် ထားမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှု သုံးပွင့်ဆိုင်အကျပ်အတည်း ပိုမိုဆိုးရွား ဖြစ်ပေါ်လာမှုနဲ့ပတ်သက်ပြီး နယူးဇီလန်ပါလီမန်အမတ်များကို ဩဂုတ် ၃၀ ရက်က ရှင်းလင်း ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်ဟာ သမိုင်းကြောင်းတစ်လျှောက် အမှောင်မိုက်ဆုံးကာလ တစ်ရပ်ဖြစ်ပြီး မြန်မာပြည်သူ ပြည်သားတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု စိတ်လိုလက်ရကျူးလွန်နေတဲ့ စစ်အာဏာရှင်အဖွဲ့ကို ရင်ဆိုင်နေရတယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ရဲရင့်တဲ့ မြန်မာလူမျိုးတွေရဲ့ လက်ထဲမှာသာ ရှိပေမယ့် နယူးဇီလန်နိုင်ငံသားတွေ၊ လွှတ်တော်အမတ်တွေနဲ့ အစိုးရအဖွဲ့အပြင် မဟာမိတ်နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ အားကောင်းတဲ့ ဆက်လက် ကူညီပံ့ပိုးမှု၊ ရင်းနှီးကျွမ်းဝင်မှုနဲ့ အသိအမှတ်ပြုမှုတွေကို လိုအပ်နေဆဲဖြစ်တယ်လို့ ဆက်ပြောပါတယ်။

လက်ရှိ ရင်ဆိုင်နေရတဲ့ သုံးပွင့်ဆိုင် အကျပ်အတည်းက တစ်နိုင်ငံလုံးကို အလွန်အမင်း ခက်ခဲကျပ်တည်းတဲ့ အခြေအနေအတွင်းသို့ တွန်းပို့နေပြီး ကြီးမားတဲ့ ပြည်တွင်းသွေးချောင်းစီးမှု၊ ပြည်တွင်းစစ် နဲ့ အခြားလူမျိုးတုန်းသတ်ဖြတ်မှုဆီသို့ ပိုမိုနီးကပ်လာစေဖို့ တွန်းပို့နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လူမျိုးတုံး သတ်ဖြတ်နေတဲ့ စစ်အုပ်ချုပ်ရေးကို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အားကောင်းတဲ့ အရေးယူမှုတွေနဲ့သာ တားဆီးနိုင်ပါလိမ့်မယ်လို့ ဒေါက်တာဆာဆာက သတိပေးပါတယ်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာဟာ ဩဂုတ် ၃၁ ရက်မှာလည်း ဩစတြေးလျလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး အလားတူ မြန်မာနိုင်ငံရင်ဆိုင်နေရ တဲ့ အကျပ်အတည်းတွေနဲ့ NUG ကို တရားဝင် အသိအမှတ်ပြု ထောက်ခံ အသိအမှတ်ပြုရေးတို့ ကို တောင်းဆိုရှင်းလင်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ