Connect with us

Hi, what are you looking for?

သတင်း

ရဟတ်ယာဉ်အမှု ပြန်ခေါ်သက်သေတွေပြန်စစ်ဆေးနေ

ဒီနေ့ စစ်ဆေးတဲ့ တရားလိုပြသက်သေကတော့ NLD အစိုးရလက်ထက်လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးအောင်ဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကနေသိရပါတယ်။

ရဟတ်ယာဉ်အမှု ပြန်ခေါ်သက်သေတွေပြန်စစ်ဆေးနေ
ရဟတ်ယာဉ်အမှု ပြန်ခေါ်သက်သေတွေပြန်စစ်ဆေးနေ

အဂတိပုဒ်မ ၅ ခုနဲ့ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စွဲချက်တင်ထားတဲ့ ရဟတ်ယာဉ်အမှုအတွက် ပြန်ခေါ်သက်သေတွေကို ဒီနေ့ နေပြည်တော်အချုပ်ထောင်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ စစ်ဆေးတဲ့ တရားလိုပြသက်သေကတော့ NLD အစိုးရလက်ထက်လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးအောင်ဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကနေသိရပါတယ်။

အဲဒီတရားလိုပြသက်သေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခဲ့တာပါ။

ဒီနေ့နေပြည်တော်အချုပ်ထောင် စစ်ကောင်စီတရားရုံးကိုဒေါ်အောင်ဆန်းစုကြည်ရော ၊သမ္မတဦးဝင်းမြင့်ပါ လာရောက်ခဲ့ပြီး ၂ဦးလုံး ကျန်းမာရေးကောင်းမွန်ကြတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်အရေးတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဌားရမ်းခဲ့တာရှိသလို နိုင်ငံပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူခဲ့ပါတယ်။

ဒီလို ရဟတ်ယာဉ် ဌားရမ်း၊ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။

တရားစွဲရာမှာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မနဲ့တရားစွဲတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။