Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု ၅ မှုနဲ့ စစ်ကောင်စီစွဲချက်တင်

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့် ၊ NLD လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကိုပါ တပါတည်း စွဲချက်တင်လိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု ၅ မှုနဲ့ စစ်ကောင်စီစွဲချက်တင်
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု ၅ မှုနဲ့ စစ်ကောင်စီစွဲချက်တင်

သဘာဝဘေး အတွက် သုံးဖို့ ရဟတ်ယာဉ် ဌားရမ်း ၊ ဝယ်ယူရာမှာ ဘဏ္ဍာငွေ ထိခိုက်တယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ လက်ကျန် အဂတိ ၅ မှုကို စစ်ကောင်စီ တရားရုံးက ဒီနေ့မှာ စွဲချက်တင်လိုက်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့် ၊ NLD လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကိုပါ တပါတည်း စွဲချက်တင်လိုက်တာပါ။

NLD အစိုးရလက်ထက်က ပုဂ္ဂလိက ရဟတ်ယာဉ်တစ်စီးဌားရမ်းရာမှာ ပျံသန်းချိန်နာရီပြည့်အောင်မသုံးတာ ၊ ပြည်ပက ရဟတ်ယာဉ်တစ်စီးဝယ်ရာမှာ လုပ်ထုံးလုပ်နည်းမညီညွှတ်တာတွေကြောင့် နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုကာ တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မ ၅ မှုနဲ့တရားစွဲခဲ့တာပါ။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်တဲ့ အဂတိပုဒ်မ ၅ မှုဟာ နောက်ဆုံးလက်ကျန် အမှုတွေပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုတဲ့အမှု ၁၉ မှုရှိပြီး ၁၄မှုနဲ့ထောင်ဒဏ် ၂၆ နှစ်ချထားပြီးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။