Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာ

ယခု ပြန်လည်ဖွဲ့စည်းရာ၌ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၂ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁ဦး၊ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ် ၄ဦး၊ ဌာနဆိုင်ရာ တာဝန်ခံ ၂ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတူပီ -CDF) တာဝန်ခံ ၂ဦး ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ကိုယ်စားလှယ် ၁၀ဦး တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း အသိပေးထားသည်။

မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာ
မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာ

ချင်းပြည်နယ်မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲကကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(အောက်တိုဘာ ၃၁ရက်) ထုတ်ပြန်ကြေညာသည်။

စစ်အုပ်စု အာဏာသိမ်းပြီးနောက် ၎င်းတို့၏ အာဏာသိမ်းမှုကို လက်မခံဘဲ စုပေါင်းဆန္ဒပြသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တက်ကြွလှုပ်ရှားသူများက ၂၀၂၁ ဖေဖော်ဝါရီ ၂၇ရက်တွင် ကြားကာလ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ သို့ရာတွင် မြေပြင် လုပ်ငန်းလိုအပ်ချက်များအရ အမျိုးသားညီညွတ်ရေး အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ယခုနှစ် အောက်တိုဘာ ၆ရက်တွင် မြို့နယ်အထွေထွေညီလာခံကျင်းပ၍ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခု ပြန်လည်ဖွဲ့စည်းရာ၌ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၂ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁ဦး၊ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ် ၄ဦး၊ ဌာနဆိုင်ရာ တာဝန်ခံ ၂ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတူပီ -CDF) တာဝန်ခံ ၂ဦး ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ကိုယ်စားလှယ် ၁၀ဦး တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း အသိပေးထားသည်။

ပြည်သူလူထု အပေါ် စစ်ကောင်စီ၏အမျိုးမျိုး ခြိမ်းခြောက်မှုများကို တုန့်ပြန်ကာကွယ်ရန် အတွက် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူများ၏ အာဏာဖီဆန်ရေး CDMကို အရှိန်မြှင့် ဆောင်ရွက်နိုင်ရန် နှင့် ၎င်းတို့ကို ကာကွယ် စောင့်ရှောက် ကူညီနိုင်ရေး အတွက်လည်းကောင်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ် တစ်ရပ်ချမှတ် ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မတူပီမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့ကိုဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကဗုံးကြဲသွားပြီး ဒါဟာ ၁၃ရက်အတွင်း ၃ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။