Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေလွှမ်းမိုးမှုတွေကြောင့် အမေရိကန်မှာ လူ ၄၀ ကျော်သေဆုံး

ဟာရီကိန်းမုန်တိုင်း အစ်ဒါရဲ့ အကြွင်းအကျန် ဖျက်ဆီးအားကြောင့် အမေရိကန်က ပြည်နယ်တချို့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာ၊ လေဆင်နှာမောင်းတွေ ဖြစ်ပေါ်တာမျိုး ကြုံတွေ့ခဲ့ကြရပါတယ်။ မိုးရွာသွန်းမှုတွေနဲ့အတူ မြစ်ချောင်းတွေ ရေလျှံပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာတာပါ။

ဟာရီကိန်း မုန်တိုင်း တိုက်ခတ်မှုနဲ့အတူ ရေလွှမ်းမိုးမှုတွေကြောင့် အမေရိကန်မှာ အနည်းဆုံး လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမေရိကန် အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတွေမှာ စက်တင်ဘာ ၂ ရက်က ဆိုးရွားပြင်းထန်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကို မျက်ဝါးထင်ထင် ရင်ဆိုင်ခဲ့ရပြီး အခြေအနေ အဆိုးဆုံး နေရာတွေမှာ အရေးပေါ် အခြေအနေတွေပါ ကြေညာခဲ့ရပါတယ်။

ဟာရီကိန်းမုန်တိုင်း အစ်ဒါရဲ့ အကြွင်းအကျန် ဖျက်ဆီးအားကြောင့် အမေရိကန်က ပြည်နယ်တချို့မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာ၊ လေဆင်နှာမောင်းတွေ ဖြစ်ပေါ်တာမျိုး ကြုံတွေ့ခဲ့ကြရပါတယ်။ မိုးရွာသွန်းမှုတွေနဲ့အတူ မြစ်ချောင်းတွေ ရေလျှံပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာတာပါ။

စက်တင်ဘာ ၃ ရက် မနက်ပိုင်းထိ အခြေအနေတွေအရ အမေရိကန်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၄၆ ဦးထက်မနည်း ရှိလာပါပြီ။ အများစုက ကားတွေထဲမှာ ရှိနေချိန် လမ်းပေါ်မှာ ရေလျှံလို့ ပိတ်မိ သေဆုံးတာတွေ၊ မြေအောက်ထပ်တွေထဲ ရေဝင်ပြီး ရေနစ် သေဆုံးတာတွေ ဖြစ်ပါတယ်။ နယူးဂျာစီ ပြည်နယ်မှာဆို ရာသီဥတုကြောင့် သေဆုံးသူ ၂၃ ဦးထက်မနည်း ရှိခဲ့တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဖီးလ်မာဖီက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

နယူးယောက် မြို့ထဲမှာလည်း လူ ၁၃ ဦး အသက်ဆုံးရှုံးခဲ့ပြီး အဲဒီထဲက ၁၁ ဦးဟာ မြေအောက်ထပ် အခန်းတွေမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ ပင်ဆယ်လ်ဗေးနီးယားမှာတော့ သစ်ပင် ပိမိပြီး သေဆုံးသူ ၁ ဦး အပါအဝင် အသေအပျောက် စာရင်း ၅ ဦး ရရှိထားပါတယ်။ မေရီလန်းမှာလည်း လူ့အသက်တွေ အဖိတ်အစဉ် ရှိကြောင်း သတင်းရထားပါတယ်။

နယူးယောက်မှာဆို ရေဘေးကြောင့် အရေးပေါ် စွန့်ပစ်ခဲ့ရတဲ့ ကားတွေကို အဝေးပြေး လမ်းပေါ်မှာ ရာနဲ့ချီ များပြား စုပြုံနေတာ တွေ့နိုင်ပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဝါရှင်တန်မြို့တော် မြောက်ပိုင်းက ရေဘေးသင့် ဒေသတွေဆီ ဗဟိုအစိုးရက အကူအညီတွေ အမြန်ဆုံး ပေးပို့သွားမယ်လို့ ကတိပြုခဲ့သလို ရှင်းလင်းရေး လုပ်ငန်းတွေမှာလည်း အားဖြည့်ပေးမယ်လို့ ပြောပါတယ်။

အခြေအနေ ဆိုးရွားခဲ့တဲ့ ဧရိယာတွေမှာတော့ ရဲတွေက မြေညီထပ် ဖွဲ့စည်းပါဝင်တဲ့ အဆောက်အအုံတွေကို တစ်အိမ်တက်ဆင်း လိုက်ရှာပြီး ပိတ်မိနေသူတွေ၊ သေဆုံးနေသူတွေ ရှိမရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။