Connect with us

Hi, what are you looking for?

News

ပဋိပက္ခဖြစ်လာပါကအသုံးပြုရန် အရေးပေါ်အိတ်အတွက် ကြိုတင်ပြင်ဆင်စုဆောင်းထားရန် NUG ထုတ်ပြန်

ဝန်ကြီးဌာနအနေဖြင့် ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များကို အပိုင်းလိုက် ထုတ်ပြန်လျက်ရှိရာ အပိုင်း (၅)ကို ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

ပဋိပက္ခများဖြစ်ပါလာပါက အသုံးပြုရန် တစ်ကိုယ်စာအရေးပေါ် အိတ် အတွက် ကြိုတင်စုဆောင်းပြင်ဆင်ထားသင့်သည့်ပစ္စည်းများစာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များကို အပိုင်းလိုက် ထုတ်ပြန်လျက်ရှိရာ အပိုင်း (၅)ကို ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

အရေးပေါ် အိတ်အတွက် ကြိုတင်စုဆောင်းပြင်ဆင်ထားသင့်သည့် ပစ္စည်းများစာရင်းမှာ သောက်သုံးရေ၊ မုန့်ခြောက်၊ ခေါက်ဆွဲခြောက်၊ အရေးပေါ်ဆေးဝါးတွေ၊ လက်သန့်ဆေး၊ နှာခေါင်းစည်း၊ နားတွင်း ပိတ်ဆို့စရာ ၊ ဂွမ်းစ ၊ပတ်တီးလိပ်၊ ခြင်နှင့် ပိုးမွှားအန္တရာယ် ကာကွယ်နိုင်မည့် လူးဆေးနှင့် ဖြန်းဆေးများ စုဆောင်းပြင်ဆင်ထားသင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဓာတ်ခဲ သို့မဟုတ် နေရောင်ခြည်ဖြင့်သုံးနိုင်သည့် ဓာတ်မီး၊ ထီး၊ မိုးကာ၊ စာကြည့်မီး၊ ဖုန်းအားသွင်းကြိုး၊ Power Bank ၊ ဖုန်းငွေဖြည့်ကဒ်၊ အတွင်းခံအပါအဝင် လွတ်လပ်ပေါ့ပါးသည့် အဝတ်အစားအချို့၊ အမျိုးသမီးဖြစ်ပါက လစဉ်သုံးပစ္စည်းတို့ကိုလည်း စုဆောင်းပြင်ဆင်ထားသင့်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

စာချုပ်စာတမ်းနှင့် လုပ်ငန်းလိုင်စင်ကဲ့သိုသောအရေး ကြီးစာရွက်စာတမ်းများ၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ အိမ်ထောင်စုစာရင်း၊ ငွေကြေး၊ ဘဏ်စာအုပ်နှင့် တန်ဖိုးကြီးပစ္စည်းများ၊ တစ်သျှူးအစိုနှင့် အခြောက်၊ ဖယောင်းတိုင်၊ မီးခြစ်၊ ဓား၊ ကတ်ကြေး၊ ရေဒီယိုနှင့် ခရာတို့ကိုလည်း စုဆောင်းပြင်ဆင်ထားသင့်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခင်က ထုတ်ပြန်ခဲ့သည့် အသိပေးချက်များမှာ ပဋိပက္ခကြိုများအတွင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်အပိုင်း(၁)၊ အပိုင်း(၂)လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရနိုင်သည့် ဒေသများရှိ အရပ်သားပြည်သူများ အတွက်သတိပြုရန် အချက်များ၊ အပိုင်း(၃) နေအိမ်ကို စွန့်ခွာရမည်ဆိုပါက ဆောင်ရွက်သင့်သည့် အချက်များ၊ အပိုင်း(၄) လက်နက်ကြီးဖြင့် ပစ်ခတ်ခံရနိုင်သည့် ဒေသများက အရပ်သားပြည်သူများအတွက် သတိပြုရမည့် အချက်များဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook