Connect with us

Hi, what are you looking for?

သတင်း

လားရှိုးခရိုင်အတွင်း စစ်ကောင်စီတပ် ထိုးစစ်အား MNDAA ကြားဖြတ်တိုက်ခိုက်

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များကို MNDAAက တရုတ်ဘာသာဖြင့် ဖော်ပြခဲ့သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

(MNDAA တပ်မှ ရဲဘော်များအား ‌တွေ့ရစဥ်)
(MNDAA တပ်မှ ရဲဘော်များအား ‌တွေ့ရစဥ်)

▪️စစ်ကောင်စီတပ်မှ ၁၃ဦးသေ၊ ၁၅ဦးခန့် ဒဏ်ရာရဟုဆို

ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှသေဆုံးထိခိုက်သူများ​ကြောင်းMNDAAကအသိပေးသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များကို MNDAAက တရုတ်ဘာသာဖြင့် ဖော်ပြခဲ့သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာ ၁၅ရက်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနှင့် မန်ပန်ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ အင်အား ၇၀ခန့်ကို MNDAAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက် စုစုပေါင်း ၃၀ခန့်ရှိသည်ဟု ဆိုသည်။

“အခြေအနေ အသေးစိတ်က ၆၁၁ ကကင်းလှည့်အဖွဲ့က လှည့်လည်ချိန်တွင် မန်ပုံမှာအခြေချတဲ့ စစ်ကောင်စီက အဲဒီနားလမ်းမမှာ ဂိတ်ချထားတာ တွေ့တယ်။ စစ်ကောင်စီက ကျနော်တို့ တပ်စခန်းကို လာရောက်ထိုးစစ်ဆင်တာကို ကာကွယ်နိုင်ဖို့အတွက် တစ်ဖက်ကလည်း ပြင်ဆင်ခဲ့တာပေါ့။ အဲဒါက ၁၄ရက်နေ့က လုပ်တဲ့အလုပ်။ ၁၅ရက်နေ့ မနက် ၆နာရီလောက်ကျတော့ ခုနက ဂိတ်ချထားတဲ့နေရာမှာ စစ်ကောင်စီက ၇၀ ခန့် အင်အားစုဆည်းပြီး စတင်ထိုးစစ်ဆင်တော့မှာ။ ၇နာရီ ၄၆မိနစ်မှာ ထိုးစစ်ဆင်ဖို့ စတင်ထွက်ခွာလာတော့ ကျွန်တော်တို့ဘက်ကလည်း သူတို့ထိုးစစ်ဆင်မှာ သိပြီးသား ပြင်ဆင်ပြီးသားဆိုတော့ သူတို့လာတဲ့ လမ်းမှာ မိုင်းတွေချထားပြီး သူတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ အဲဒီတိုက်ပွဲမှာ ကျဆုံးသူက ၁၃ယောက်၊ ဒဏ်ရာရသူက ၁၅ယောက်ခန့်ပေါ့”ဟု ကိုးကန့် သတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားကြောင်း၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေကိုမထုတ်ပြန်ထားကြောင်း ၎င်းက ဆိုသည်။

“နောက်တစ်ခုက ဒီလ လဆန်းပိုင်းမှာလည်း တပ်မဟာ (၆၁၁)နဲ့ စစ်ကောင်စီနဲ့ လားရှိုးနားမှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့တယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ယောက်ကျတယ် ၆ယောက်ဒဏ်ရာရတယ်။ကျနော်တို့ဘက်က ၁ယောက်ဒဏ်ရာရတယ်”ဟု ကိုးကန့် သတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာ ၁၆ရက်ကလည်း MNDAA တပ်မဟာ(၆၁၁)ရဲ့ ကင်းလှည့်အဖွဲ့က နယ်မြေ လေ့လာရေးထွက်ခွာချိန် စစ်ကောင်စီတပ်ကို တွေ့ရှိ၍ အလစ်အငိုက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ကင်းစောင့်တဲ့ စစ်ကောင်စီတပ်သားကို အရင်ချေမှုန်းပြီးတော့ သူတို့ရှိတဲ့နေရာကို ဝင်ပြီးတော့ ပစ်ခတ်တာပေါ့။ အဲဒီလို သွားရောက်ပစ်ခတ်တော့ MNDAA အဖွဲ့က အထိအခိုက် ကျဆုံးမှုမရှိခဲ့ဘူး။ အလစ်တိုက်တယ် အမြန်ထွက်ခွာတယ်ဆိုတော့ စစ်ကောင်စီ ကျဆုံးဒဏ်ရာရတာ ကောင်းကောင်းမသိခဲ့ဘူး။ အနည်းဆုံး တစ်ယောက်တော့ကျတယ် အဲဒီ ကင်းတပ်သားတော့” ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၁၆ရက်နေ့၌ပင် အထူးဒေသ(၁) မုံးကိုး၊ မန်ရန်ဒေသ၌ စစ်ကောင်စီက တပ်အလဲအလှည်လုပ်ဆောင်ခဲ့ရာ MNDAA တပ်မဟာ (၂၁၁)က တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က အနည်းဆုံး သုံးဦး ဒဏ်ရာရခဲ့သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

ယနေ့ (နိုဝင်ဘာ ၁၇ရက်) ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်က မန်ပုံဒေသသို့ လေယာဉ် ၂စီး လွှတ်ပြီး ထောက်လှမ်းမှုပြုလုပ်ခဲ့သည်ဟု MNDAAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။