Connect with us

Hi, what are you looking for?

သတင်း

မုံရွာခရိုင်တွင် ထိုးစစ်စတင်နေ၍ လက်နက်လိုအပ်ဟု Monywa The Boys အဖွဲ့ပြော

နိုဝင်ဘာ ၆ ရက်က ထန်းလေးပင်ကျေးရွာတိုက်ပွဲတွင် ရဲဘော် လေးဦးနှင့်အတူ M22 ၄လတ်၊ ကျည်ဖောက် ၈ခု ပျက်စီးဆုံးရှူံးခဲ့ပြီး ကျန်ရစ် သောရဲဘော်များအား လက်နက်တပ်ဆင်ရန်လိုအပ်နေ၍ ငွေကြေးလိုအပ်နေကြောင်း Monywa The Boys တာဝန်ခံက ပြောသည်။

မုံရွာခရိုင်တွင် ထိုးစစ်စတင်နေ၍ လက်နက်လိုအပ်ဟု Monywa The Boys အဖွဲ့ပြော
မုံရွာခရိုင်တွင် ထိုးစစ်စတင်နေ၍ လက်နက်လိုအပ်ဟု Monywa The Boys အဖွဲ့ပြော

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်တွင် ထိုးစစ်စတင်နေချိန် ဖြစ်သဖြင့် အရေးပေါ်လက်နက်တပ်ဆင်ရန်လိုအပ်နေကြောင်း Monywa The Boys (အထူးကွန်မန်ဒိုတပ်ဖွဲ့) တာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၆ ရက်က ထန်းလေးပင်ကျေးရွာတိုက်ပွဲတွင် ရဲဘော် လေးဦးနှင့်အတူ M22 ၄လတ်၊ ကျည်ဖောက် ၈ခု ပျက်စီးဆုံးရှူံးခဲ့ပြီး ကျန်ရစ် သောရဲဘော်များအား လက်နက်တပ်ဆင်ရန်လိုအပ်နေ၍ ငွေကြေးလိုအပ်နေကြောင်း Monywa The Boys တာဝန်ခံက ပြောသည်။

Monywa The Boys (အထူးကွန်မန်ဒိုတပ်ဖွဲ့)သည် မုံရွာခရိုင်အတွင်း စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ပြီး ထိုးစစ်စတင်နေချိန်ဖြစ်သဖြင့် အရေးပေါ်လက်နက်တပ်ဆင်ရန်လိုအပ်နေသည်ဟု ၎င်းတာဝန်ခံက ဆိုသည်။

ထို့ကြောင့်အကူအညီများပေးနိုင်ရန် https://www.facebook.com/Monywa-The-Boys-113681434298145/?mibextid=ZbWKwL သို့ ဆက်သွယ်နိုင်သည်ဟု ၎င်းတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ၆ ရက်ကဖြစ်ပွားခဲ့သည့် မုံရွာမြို့နယ်၊ ထန်းလေးပင်ရွာတိုက်ပွဲတွင် ပြည်သူ့ရဲဘော် ခြောက်ဦး ကျဆုံးခဲ့ပြီး အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)က တပ်ခွဲမှူးရဲဘော် ကိုတင်မိုးဝင်း (၂၅နှစ်)၊ ဒု-တပ်ခွဲမှူး ရဲဘော်ကိုကျော်မျိုးေ၀ (၃၈-နှစ်)၊ တပ်စုမှူး ရဲဘော် ကိုအေးမင်းသန်း (၁၉-နှစ်)၊ တပ်စုမှူး ရဲဘော် ကိုတိုးအောင် (၂၅-နှစ်)တို့ လေးဦးတို့ ကျဆုံးခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ထန်းလေးပင်ရွာသား သုံးဦးကိုလည်း ခေါင်းဖြတ်သတ်ပြီး နေအိမ် (၁၁)လုံးကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆားလင်းကြီးနယ် တိုက်ပွဲတစ်ခုတွင် Monywa The Boys အဖွဲ့သားများအား တွေ့ရစဥ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။