Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာခရိုင်အခြေစိုက် PDF ရဲဘော်နှစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

“မိုင်းဆင်သွားရင်း စစ်​ကောင်စီတပ်ရဲ့ ကင်းပုန်း​တွေနဲ့​တွေ့ပြီး အသတ်ခံလိုက်ရတာ ။ ရဲ​ဘော်နှစ်​ယောက်လုံးက ​အသက်ငယ်​ပေမယ့်​​တော်လှန်​ရေးမှာအ​​​တော်အားကိုးရတဲ့ ရဲ​ဘော်​တွေပါ”ဟု ပြန်ကြား​ရေးတာဝန်ခံက ​ပြောသည်။

(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chindwin Attack Force)
(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chindwin Attack Force)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက် Monywa Special ဒိတ်ဒိတ်ကြဲ PDF ၏ လူငယ်ရဲဘော်နှစ်ဦး စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်ရန်ပြင်ဆင်ရင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၉ရက်က မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDF ၏ အသက် (၂၀)နှစ်အရွယ် ရဲဘော် ကိုစည်သူမောင် (ခေါ်) သော်ကနှင့် အသက် (၁၈)နှစ်အရွယ် ရဲဘော် ကိုသက်ဇော်ဦး (ခေါ်) ယက္ခတို့သည် အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ရန်အတွက် မိုင်းဆင်သွားရင်း စစ်ကောင်စီတပ်၏ လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရကာ ကျဆုံးခဲ့ကြောင်း မုရွာခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(Chindwin Attack Force) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chindwin Attack Force)
(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ – Chindwin Attack Force)

“မိုင်းဆင်သွားရင်း စစ်​ကောင်စီတပ်ရဲ့ ကင်းပုန်း​တွေနဲ့​တွေ့ပြီး အသတ်ခံလိုက်ရတာ ။ ရဲ​ဘော်နှစ်​ယောက်လုံးက ​အသက်ငယ်​ပေမယ့်​​တော်လှန်​ရေးမှာအ​​​တော်အားကိုးရတဲ့ ရဲ​ဘော်​တွေပါ”ဟု ပြန်ကြား​ရေးတာဝန်ခံက ​ပြောသည်။

(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chindwin Attack Force)
(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ – Chindwin Attack Force)

၎င်းတို့နှစ်ဦးသည် နိုင်ငံတော်အတွက်အသက်ပေး၍ မြင့်မြတ်စွာကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင်နိုင်ငံတော်နှင့်ပြည်သူအတွက်တိုက်ပွဲဝင်ရင်းကျဆုံးသဖြင့် မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း -၄ အနေဖြင့်မိသားစုနှင့်ထပ်တူထပ်မျှ ဆိုနင့်ကြေကွဲဝမ်းနည်းကြောင်းလည်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အာဇာနည်ရဲဘော်များ ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်များကို ကျန်ရစ်သောရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်ဟု မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်က ကတိပြုသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။