Connect with us

Hi, what are you looking for?

သတင်း

မုံရွာခရိုင်အခြေစိုက် PDF ရဲဘော်နှစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

“မိုင်းဆင်သွားရင်း စစ်​ကောင်စီတပ်ရဲ့ ကင်းပုန်း​တွေနဲ့​တွေ့ပြီး အသတ်ခံလိုက်ရတာ ။ ရဲ​ဘော်နှစ်​ယောက်လုံးက ​အသက်ငယ်​ပေမယ့်​​တော်လှန်​ရေးမှာအ​​​တော်အားကိုးရတဲ့ ရဲ​ဘော်​တွေပါ”ဟု ပြန်ကြား​ရေးတာဝန်ခံက ​ပြောသည်။

(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chindwin Attack Force)
(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chindwin Attack Force)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက် Monywa Special ဒိတ်ဒိတ်ကြဲ PDF ၏ လူငယ်ရဲဘော်နှစ်ဦး စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်ရန်ပြင်ဆင်ရင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၉ရက်က မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDF ၏ အသက် (၂၀)နှစ်အရွယ် ရဲဘော် ကိုစည်သူမောင် (ခေါ်) သော်ကနှင့် အသက် (၁၈)နှစ်အရွယ် ရဲဘော် ကိုသက်ဇော်ဦး (ခေါ်) ယက္ခတို့သည် အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ရန်အတွက် မိုင်းဆင်သွားရင်း စစ်ကောင်စီတပ်၏ လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရကာ ကျဆုံးခဲ့ကြောင်း မုရွာခရိုင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(Chindwin Attack Force) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chindwin Attack Force)
(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ – Chindwin Attack Force)

“မိုင်းဆင်သွားရင်း စစ်​ကောင်စီတပ်ရဲ့ ကင်းပုန်း​တွေနဲ့​တွေ့ပြီး အသတ်ခံလိုက်ရတာ ။ ရဲ​ဘော်နှစ်​ယောက်လုံးက ​အသက်ငယ်​ပေမယ့်​​တော်လှန်​ရေးမှာအ​​​တော်အားကိုးရတဲ့ ရဲ​ဘော်​တွေပါ”ဟု ပြန်ကြား​ရေးတာဝန်ခံက ​ပြောသည်။

(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chindwin Attack Force)
(ကျဆုံးရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ – Chindwin Attack Force)

၎င်းတို့နှစ်ဦးသည် နိုင်ငံတော်အတွက်အသက်ပေး၍ မြင့်မြတ်စွာကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင်နိုင်ငံတော်နှင့်ပြည်သူအတွက်တိုက်ပွဲဝင်ရင်းကျဆုံးသဖြင့် မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း -၄ အနေဖြင့်မိသားစုနှင့်ထပ်တူထပ်မျှ ဆိုနင့်ကြေကွဲဝမ်းနည်းကြောင်းလည်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အာဇာနည်ရဲဘော်များ ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်များကို ကျန်ရစ်သောရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်ဟု မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်က ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ