Connect with us

Hi, what are you looking for?

သတင်း

ကျိုက်မရော တောင်ကလေး ရဲစခန်း စခန်းသိမ်းတိုက်ပွဲပြင်းထန်နေ

ထို့အပြင် စစ်ကောင်စီတပ်က အမြောက်တင် သံချပ်ကာ နှစ်စီးဖြင့် ကျိုက်မရောမြို့နယ်ကြံတောကျေးရွာကြာအင်းကွေ့၌ အထိုင်ချ၍ပတ်ပတ်လည် ကျေးရွာများအတွင်းပစ်ခက်နေသည်ဟု ကြာအင်းဆိပ်ကြီး မြို့နယ်ပအဖကထုတ်ပြန်သည်။

KNU/KNLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Diplomat
KNU/KNLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-The Diplomat

▪︎စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် ပစ်ကူပေး၊ လက်နက်ကြီးဖြင့် ရပ်ရွာများအား ပစ်ခတ်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကျိုက်မရောမြို့နယ်တောင်ကလေးရဲစခန်းကိုတော်လှန်ရေးတပ်ပေါင်းစုကယ​နေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်လာ၍ ယနေ့ နေ့လည်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်သည်။

ယနေ့ မနက် ၅ နာရီ ခန့်မှစ၍ကျိုက်မရောမြို့နယ်တောင်ကလေးကျေးရွာရှိ အကြမ်းဖက်စကစရဲစခန်းအား တော်လှန်ရေးတပ်ပေါင်းစုကတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။စခန်းသိမ်းတိုက်ပွဲတိုက်ခိုက်စဉ် တိုက်ပွဲပြင်းထန် ခဲ့ပြီး စစ်​ကောင်စီဖက်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေး လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ(ယခုသတင်းရေးချိန်ထိ) လာရောက်ပစ်ခက်နေသည်။ မုဒုံမြို့နယ် ခုနစ်ခွေ တောင်ခြေရင်း ၃၁၃ အမြှောက်တပ်မှလည်း ကျေးရွာများအတွင်းသို့ အမြှောက်များဖြင့် အဆက်မပြက် ပစ်ခက်နေကြောင်းလည်း သိရပါသည်ဟု ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်က အမြောက်တင် သံချပ်ကာ နှစ်စီးဖြင့် ကျိုက်မရောမြို့နယ်ကြံတောကျေးရွာကြာအင်းကွေ့၌ အထိုင်ချ၍ပတ်ပတ်လည် ကျေးရွာများအတွင်းပစ်ခက်နေသည်ဟု ကြာအင်းဆိပ်ကြီး မြို့နယ်ပအဖကထုတ်ပြန်သည်။

ထိုသို့ပစ်ခက်မှုများကြောင့် ကျေးရွာများအတွင်း နေအိမ်များနှင့် ကျေးရွာနေပြည်သူများ ထိခိုက်ဒဏ်ရာရမှု ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်ခွင့်မပြုဘဲ စစ်ကောင်စီတပ်က ပိတ်ပင်ထားသည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်မှုအခြေအနေ၊ တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှု အခြေအနေနှင့် အရပ်သား ပြည်သူများ ထိခိုက်ကျဆုံးအခြေအနေများကို ကြာအင်းဆိပ်ကြီး မြို့နယ် ပအဖ သို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ တောင်ကလေးရဲစခန်းအနီးတိုက်ပွဲဖြစ်ပွားမှုကို ကြားသိရပြီး အသေးစိတ် အခြေအနေ မသိရသေးဟု ပြောသည်။

“ကျိုက်မရော ဧရိယာထဲမှာဖြစ်တာ။ ရဲစခန်းတစ်ခုရှိတယ်ဟုတ်လား။ အဲဒီဘက်မှာ လို့ပြောတယ်။ ကြားတော့ ကြားတယ် အတိအကျ ဘယ်အဖွဲ့က ဘယ်လိုပုံစံနဲ့ ဘယ်လို သွားလုပ်ကြတယ်ဆိုတာ အခုထိ အခြေအနေ ပြန်လိုက်နေဆဲဖြစ်ပါတယ်။ ကျနော်တို့လူကတော့ သူ့(စကစ)စခန်းကို သွားပြီး နှောက်ယှက်မယ် မတည်မငြိမ်ဖြစ်အောင်လုပ်မယ်။ သူကတော့ လက်နက်ကြီးနဲ့ ရွာထဲပဲ လိုက်ပစ်တယ်။ သူ့ကို ဘယ်စခန်းပဲတိုက်တိုက် သူက ရွာထဲပဲ လိုက်ပစ်တာ။ အဲဒါတစ်ခုပဲ သူရတယ်” ဟု KNU ဒူးပလာယာခရိုင် တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။