Connect with us

Hi, what are you looking for?

News

NUGရဲ့ နွေဦးထီ ဒီနေ့ပြန်လည်ရောင်းချမည်

ပြီးခဲ့တဲ့ စမ်းသပ်ရောင်းချမှု Pilot project ‘phase-1’ မှာ ကြုံတွေ့ခဲ့ရတဲ့ နည်းပညာစိန်ခေါ်မှုတွေ၊ အနှောက်အ ယှက်အခက်အခဲများစွာသင်ခန်းစာယူ၊ ပြင်ဆင်မှုတွေပြုလုပ်ပြီး Pilot project ‘phase-2’ ကို ဒီနေ့ ညနေ ၄ နာရီ မှာ ပြန်လည်စတင်မယ်လို့ ‘အောင်လံလွှင့်ချီနွေဦးထီ’က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ‘အောင်လံလွှင့်ချီ နွေဦးထီ’ကို လုံခြုံရေးမြှင့်တင်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ဒီနေ့ပြန်လည်စတင်ရောင်းချမယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စမ်းသပ်ရောင်းချမှု Pilot project ‘phase-1’ မှာ ကြုံတွေ့ခဲ့ရတဲ့ နည်းပညာစိန်ခေါ်မှုတွေ၊ အနှောက်အ ယှက်အခက်အခဲများစွာသင်ခန်းစာယူ၊ ပြင်ဆင်မှုတွေပြုလုပ်ပြီး Pilot project ‘phase-2’ ကို ဒီနေ့ ညနေ ၄ နာရီ မှာ ပြန်လည်စတင်မယ်လို့ ‘အောင်လံလွှင့်ချီနွေဦးထီ’က ဆိုပါတယ်။

“နွေဦးထီရဲ့ အောင်မြင်မှုဟာ ပြည်သူများရဲ့အောင်မြင်မှု၊ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှု တစ်စိတ် တစ်ပိုင်း ဖြစ်တာကြောင့်၊ မိဘပြည်သူများအနေဖြင့် ‘အောင်လံလွှင့်ချီနွေဦးထီ’ကို အစဉ်လာမပျက် အင်ပြည့်အားပြည့် ပူးပေါင်းပါဝင် အားပေးကြလိမ့်မယ်လို့လဲ ယုံကြည်မိပါတယ်”လို့ ထုတ်ပြန်ပါတယ်။

‘အောင်လံလွှင့်ချီ နွေဦးထီ’ဟာ CDM ဝန်ထမ်းတွေကို အဓိကထောက်ပံ့ပေးဖို့အတွက်ရည်ရွယ်ပြီး ရောင်းရ ငွေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေအတွက်၊ ကျန် ၃၀ ရာခိုင်နှုန်းကို ဆုကြေးငွေအတွက် သတ်မှတ် ထားပါတယ်။

Public Service Announcement

Public Service Announcement

NUG ဟာ ‘အောင်လံလွှင့်ချီ နွေဦးထီ’ကို ဩဂုတ် ၁၅ ရက်မှာ စတင်ရောင်းချခဲ့ပြီး ၅ ရက်တာ စမ်းသပ်ရောင်းချမှုအဖြစ် တစ်ရက်မှာ စောင်ရေငါးသောင်းရောင်းချခဲ့ကာ အဲဒီတစ်ရက်သတ်မှတ်စောင်ရေဟာ နာရီပိုင်းအတွင်းမှာပဲ ရောင်းကုန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook