Connect with us

Hi, what are you looking for?

သတင်း

အမျိုးသမီးသတင်းထောက်ကို ဆူပူအောင်လှုံဆော်မှုနဲ့ ထောင် ၂ နှစ်ချ

ဖမ်းဆီးခံရသူတွေထဲက စစ်ကြောရေးမှာ ၃ ဦး သေဆုံးထားပါတယ်။ လက်ရှိအချိန်ထိတော့ သတင်းသမား ၅၀ နီးပါး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

အမျိုးသမီးသတင်းထောက်ကို ဆူပူအောင်လှုံဆော်မှုနဲ့ ထောင် ၂ နှစ်ချ
အမျိုးသမီးသတင်းထောက်ကို ဆူပူအောင်လှုံဆော်မှုနဲ့ ထောင် ၂ နှစ်ချ

ဖမ်းဆီးထားတဲ့အမျိုးသမီးသတင်းထောက် မအလှလေးသူဇာကို နိုင်ငံဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ဒီနေ့မှာထောင်ချလိုက်ပါတယ်။

မအလှလေးသူဇာကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တာလို့ စုံစမ်းသိရပါတယ်။

မအလှလေးသူဇာဟာ စစ်အာဏာသိမ်းပြီး ၈ လအကြာ ရန်ကုန်မြို့မှာ ဖမ်းဆီးခံရတာပါ။

အဲဒီနောက် ဒဂုံမြို့သစ်အရှေ့ပိုင်းရဲစခန်းက တရားစွဲတင်ပါတယ်။ ဖမ်းခံရပြီး ၁ နှစ်ကျော်လာချိန်မှာ အင်စိန်ထောင်တွင်းတရားရုံးက ထောင်ချလိုက်တာပါ။

Public Service Announcement

Public Service Announcement

ထောင်ချရာမှာ ချုပ်ရက်ခံစားခွင့်ပေးတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်က ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရာမှာ သတင်းမီဒီယာသမား ၆ ဦးသာပါဝင်ခဲ့ပါတယ်။

အဲဒီထဲမှာပါဝင်တဲ့ သတင်းမီဒီယာသမားတွေအနက် ဂျပန်နိုင်ငံသားကလွဲရင်ကျန်တဲ့သူတွေဟာ ချထားတဲ့ ထောင်ဒဏ် နှစ်စေ့လုနီးပါး ထောင်ထဲမှာ နေခဲ့ရသူတွေဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၁ လကျော်ကာလအတွင်း သတင်းဌာန ၁၃ ခု ပိတ်သိမ်းခံရပြီး သတင်းသမား ၁၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေထဲက စစ်ကြောရေးမှာ ၃ ဦး သေဆုံးထားပါတယ်။ လက်ရှိအချိန်ထိတော့ သတင်းသမား ၅၀ နီးပါး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။