Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်ကို ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်ဖမ်းဆီး

တိုင်တန်းတဲ့သူကတော့ အကြမ်းဖက် တိုက်ဖျက်ရေးဌာနက ဒုရဲမှူး ဇော်ဝင်းထွန်းလို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ − Cherry Htet FB

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက် ကို ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို အမှုဖွင့်ရတဲ့အကြောင်းရင်းထဲမှာ ဒုရဲအုပ်ချယ်ရီထက် ဟာ May Mi အကောင့်နဲ့ We Love Daw Aung San Suu Kyi ပေ့ချ်ရဲ့ “လွမ်းလိုက်တာအမေ” ဆိုတဲ့ ပို့စ်ကို Share လုပ်ခဲ့တာလည်းပါဝင်တာကို တွေ့ရပါတယ်။

ဒါအပြင် NLD ပါတီ ဘီးလင်းလွှတ်တော်ကိုယ်စားလှယ် မသီရိရတနာ နဲ့ဆက်သွယ်မှု ရှိတာ ၊ NUG ရဲ့ သတင်းထုတ်ပြန်ချက်တွေပေးပို့တာ ၊ ပြည်ပသတင်းဌာနတွေရဲ့ သတင်းရုပ်သံဖိုင်တွေကို အပြန်အလှန်ပေးပို့တာတွေ လုပ်ခဲ့တာကြောင့်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုင်တန်းတဲ့သူကတော့ အကြမ်းဖက် တိုက်ဖျက်ရေးဌာနက ဒုရဲမှူး ဇော်ဝင်းထွန်းလို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒါအပြင် တိုင်းတန်းချက်ထဲမှာ May Mi အကောင့်နဲ့ မတ် ၆ ရက်ကစပြီး “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ် ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့” ၊ မတ် ၇ ရက်မှာ “ဘယ်လိုပဲ ပြောပြော ဟိုဘက် ကလည်း CDM မပါရင် စစ်ကောင်စီ ဘက်တော်သားအဖြစ် အရေးယူမယ်တဲ့.. ဒီဘက်ကလည်း CDM ပါရင် ရဲစည်း/ အရပ်ဘက် ထောင် ၁၃ နှစ်တဲ့၊ နှစ်ဖက်စလုံး ဖမ်းချင်နေကြတယ် ဆိုတော့ တခါတည်း အထုပ်ပြင်ပြီး အချုပ်ထဲ သွားနှင့် ရမလား ၊Crd …. အထုပ်ပိုက်နေပါပြီ”ဆိုတဲ့ပို့စ်တွေကို shareခဲ့တယ်လို့ ဆိုထားပါတယ်။

ဒုရဲအုပ်ချယ်ရီထက်ကို စက်တင်ဘာလ ၂၃ ရက်က တိုင်တန်းတာလို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။