Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ပိတ်ပင်မှုကြောင့် သတင်းဌာန သုံးခု အိမ်ဖြူတော် ဝင်ခွင့်မရ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

ဓာတ်ပုံ - Getty Images

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

ထရမ့်က Politico၊ CNNနဲ့ MS NOWရဲ့ သတင်းထောက်တွေကို အိမ်ဖြူတော်ထဲ ဝင်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းက MS NOWရဲ့ သတင်းထောက် တစ်ဦးနဲ့ သတင်း ဓာတ်ပုံဆရာ တစ်ဦးတို့ဟာ အိမ်ဖြူတော်ဆီ ဝင်မရဘဲ ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။

သူတို့ရဲ့ သတင်းဌာန တံဆိပ်တွေဟာ လုံခြုံရေး scanဖတ် စစ်ဆေး အတည်ပြုချက် ရယူဖို့ မအောင်မြင်ခဲ့ဘဲ လုံခြုံရေး အရာရှိတွေက တံဆိပ်တွေကို သိမ်းသွားကြောင်း MS NOWက ဖော်ပြခဲ့ပါတယ်။

CNNနဲ့ Politicoတို့ကလည်း သူတို့ရဲ့ ဂျာနယ်လစ်တွေ အိမ်ဖြူတော် ဝင်ခွင့် ငြင်းဆိုခံရတာ၊ တံဆိပ်တွေ အသိမ်းခံရတာကို အသီးသီး အတည်ပြုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၈ ရက်နေ့မှာ ထရမ့်က အဲဒီသတင်းဌာန သုံးခုဟာ သူ့အစိုးရနဲ့ ပတ်သက်လို့ စိတ်ကူးယဉ် လိမ်ညာ ရေးသား အပုပ်ချခဲ့ကြောင်း စွပ်စွဲပြီး အိမ်ဖြူတော် ဝင်ခွင့်ပိတ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော် အရာရှိ တစ်ဦးက သူ့ရဲ့ တံဆိပ်ကို တောင်းယူခဲ့ကြောင်း၊ အဲဒီတံဆိပ်ကို ဝင်ခွင့် ပိတ်ထားပြီလို့လည်း ပြောခဲ့ကြောင်း၊ သူဘာလို့ အိမ်ဖြူတော် ဝင်ခွင့်ပိတ် ခံရသလဲလို့ မေးကြည့်တဲ့အခါ အဲဒီအရာရှိက ဒီဆုံးဖြတ်ချက်ဟာ အထက်က လာတာလို့ ပြန်ဖြေခဲ့ကြောင်း MS NOWရဲ့ သတင်းထောက် အကေလာ ဂါ့ဒ်နာက ပြောပါတယ်။

အိမ်ဖြူတော် ဝင်ခွင့် အပိတ်ခံရတဲ့ သတင်းဌာန သုံးခုစလုံးက ထရမ့်ရဲ့ ညွှန်ကြားချက်ကို အတိအလင်း ဆန့်ကျင်ကြပြီး ထရမ့်ဟာ အမေရိကန် ဖွဲ့စည်းပုံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နဲ့ သတင်း လွတ်လပ်ခွင့်တွေကို ချိုးဖောက်တာဖြစ်ကြောင်း စွပ်စွဲခဲ့ကြပါတယ်။

MS NOWရဲ့ ပြောရေးဆိုခွင့်ရ အရာရှိကတော့ အိမ်ဖြူတော်ရဲ့ ပိုင်ရှင်အစစ်ဟာ အမေရိကန် ပြည်သူတွေ ဖြစ်ကြောင်း၊ အိမ်ဖြူတော်ထဲ သတင်းဌာနတွေ ဝင်ရောက် သတင်းယူဖို့ ဆိုတာကို အမေရိကန် ပြည်သူတွေက သူတို့ရဲ့ အခွန်ငွေတွေနဲ့ ထောက်ပံ့ထားတဲ့ အခွင့်အရေးဖြစ်ကြောင်း ပြောပါတယ်။

သမ္မတရဲ့ လုပ်ငန်းဆောင်တာတွေကို သတင်းယူတဲ့ အိမ်ဖြူတော်ဆိုင်ရာ သတင်းထောက်များအသင်း (WHCA)ကတော့ သတင်းဌာနတွေကို ဝင်ခွင့်ပိတ်တဲ့ ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းပေးဖို့ အမေရိကန် အစိုးရကို တောင်းဆိုခဲ့ပြီး အဲဒီ ပိတ်ပင်မှုဟာ အမေရိကန် ဖွဲ့စည်းပုံ ဥပဒေ ပထမ ပြင်ဆင်ချက်ကို ချိုးဖောက်ရာ ရောက်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ပထမ ပြင်ဆင်ချက်မှာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေကို အာမခံထားခဲ့ပါတယ်။

ထရမ့်ဟာ သူ့အပေါ် ဝေဖန်ထိုးနှက်နေတယ်လို့ စွပ်စွဲထားတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းဌာနတွေကို နည်းလမ်းမျိုးစုံနဲ့ ထိုးနှက်နေသူပါ။ သူဟာ New York Times၊ Wall Street Journalနဲ့ BBCတို့လို သတင်းဌာနတွေကိုလည်း တရားစွဲဆိုတာတွေ ရှိခဲ့ပါတယ်။ တချို့ တရားစွဲဆိုမှုတွေကတော့ ဒေါ်လာ သန်းနဲ့ချီ နစ်နာကြေးပေးဖို့ သဘောတူညီတဲ့အတွက် ထရမ့်ဖက်က ပြေငြိမ်းပေးခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။