Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၄၃ နှစ် ကြာမြင့်ပြီးတဲ့ အုပ်စိုးမှုကို ဆွဲဆန့်ဦးမယ့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင်

သမ္မတ အာဖရိက အလယ်ပိုင်းက ရေနံအထွက် ကြွယ်ဝတဲ့ နိုင်ငံကို အုပ်ချုပ်နေတာ ၄၃ နှစ် ကြာမြင့်ခဲ့ပြီးပါပြီ။ သူဟာ စစ်အာဏာသိမ်းမှု တစ်ခုကနေ ၁၉၇၉ ခုနှစ်မှာ အီကွေတိုရီရယ်လ် ဂီနီယာ အစိုးရ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

၄၃ နှစ် ကြာမြင့်ပြီးတဲ့ အုပ်စိုးမှုကို ဆွဲဆန့်ဦးမယ့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင်
၄၃ နှစ် ကြာမြင့်ပြီးတဲ့ အုပ်စိုးမှုကို ဆွဲဆန့်ဦးမယ့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး နိုင်ငံခေါင်းဆောင်

ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ဆုံး နိုင်ငံခေါင်းဆောင်အဖြစ် ရပ်တည်နေတဲ့ အီကွေတိုရီရယ်လ် ဂီနီယာ သမ္မတဟာ သူ့ရဲ့ အုပ်စိုးမှုကို ရှေ့ဆက် ချဲ့ထွင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အသက် ၈၀ အရွယ် တီယိုဒိုရို အိုဘီယန် ငူမာ ဘာဆိုဂိုဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့နောက် ထောက်ခံမဲ ၉၃ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။ သူ့ရဲ့သားဖြစ်သူ ဒုတိယ သမ္မတ တီယိုဒိုရို ငူမာ အိုဘီယန် မန်ဂူက ဒီရလဒ်တွေက သူတို့ရဲ့ ပါတီဟာ အားကောင်းတဲ့ နိုင်ငံရေး အင်အားစုအဖြစ် ဆက်လက် ရပ်တည်နေဆဲဆိုတာ ပြသနေကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲမှာ အတိုက်အခံတချို့ ပါဝင်ယှဉ်ပြိုင်ပေမယ့် ဘယ်သူမှ အနိုင်ရဖို့ မျှော်လင့်ချက် မရှိခဲ့ပါဘူး။ သမ္မတ အာဖရိက အလယ်ပိုင်းက ရေနံအထွက် ကြွယ်ဝတဲ့ နိုင်ငံကို အုပ်ချုပ်နေတာ ၄၃ နှစ် ကြာမြင့်ခဲ့ပြီးပါပြီ။ သူဟာ စစ်အာဏာသိမ်းမှု တစ်ခုကနေ ၁၉၇၉ ခုနှစ်မှာ အီကွေတိုရီရယ်လ် ဂီနီယာ အစိုးရ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း သူ့ကို ဖယ်ရှား အာဏာသိမ်းဖို့ ကြိုးပမ်းမှုတချို့ ကြုံခဲ့ပေမယ့်လည်း သမ္မတ အိုဘီယန် ငူမာက ကျော်လွှားနိုင်ခဲ့ပါတယ်။ သူအုပ်စိုးတဲ့ ကာလတလျှောက် ပြည်တွင်းမှာ နိုင်ငံရေးအရ အတိုက်အခံပြု ရပ်တည်တာမျိုးကို သည်းခံလေ့ မရှိခဲ့သလို လွတ်လပ်စွာ ပြောဆိုခွင့်တွေ၊ ဆန္ဒဖော်ထုတ်ခွင့်တွေကိုလည်း ကြီးကြီးမားမား ကန့်သတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

သူက လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရွေးကောက်ပွဲ မဲလိမ်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုခဲ့သလို သူ့ရဲ့ ဆဋ္ဌမသက်တမ်း ရွေးကောက်ခံမယ့် အစီအစဉ် မတိုင်ခင် နိုင်ငံတကာ မျက်နှာသာရအောင် အတော်လေး ကြိုးစားခဲ့ပါတယ်။ စက်တင်ဘာလမှာ အီကွေတိုရီရယ်လ် ဂီနီယာ အစိုးရဟာ သေဒဏ် သတ်မှတ်ချက်ကို ပယ်ဖျက်ပေးခဲ့တာကြောင့် ကုလသမဂ္ဂရဲ့ ကြိုဆို ချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။

စပိန်၊ ပြင်သစ်နဲ့ ပေါ်တူဂီ စကားတွေ သုံးစွဲပြောဆိုတဲ့ နိုင်ငံဟာ ၁၉၉၆ ခုနှစ်မှာ ကြွယ်ဝတဲ့ ရေနံသိုက်တွေ ဖော်ထုတ် တွေ့ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံလူဦးရေ ၁.၄ သန်းလောက်ကတော့ အဲဒီ သဘာဝ သယံဇာတတွေကနေ ဘာအကျိုးအမြတ်မှ ခံစားခွင့် မရှိဘဲ ဆင်းရဲတွင်း နက်နေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

စစ်ကိုင်း နဲ့ တနင်္သာရီတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ လွှတ်ပေးရေးနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၈) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်တွေပြန်လွှတ်ပေးရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

အခုနှစ် ကုလသမဂ္ဂကိုယ်စားလှယ်အကဲဖြတ်ရေးကော်မတီက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားပြုခွင့်ကို ပြန်လည်ဆုံးဖြတ်ပေးရဖို့ ရှိနေပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရဦးမှာပါ။