Connect with us

Hi, what are you looking for?

သတင်း

ကုလညီလာခံရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ မိန့်ခွန်းပြောကြားတဲ့သီတင်းပတ်မှာ မြန်မာ နဲ့ အာဖဂန်တို့ မပါဝင်ခဲ့

အခုနှစ် ကုလသမဂ္ဂကိုယ်စားလှယ်အကဲဖြတ်ရေးကော်မတီက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားပြုခွင့်ကို ပြန်လည်ဆုံးဖြတ်ပေးရဖို့ ရှိနေပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရဦးမှာပါ။

( ၇၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပ​နေစဥ် ။ ။ဓါတ်ပုံ-AP)
( ၇၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပ​နေစဥ် ။ ။ဓါတ်ပုံ-AP)

မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံခေါင်းဆောင်တွေ မပါဝင်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ မိန့်ခွန်းပြောကြားတဲ့ သီတင်းပတ်က မနေ့က(စက်တင်ဘာ ၂၆ရက်)ပြီးဆုံးခဲ့တယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

ကျင်းပနေဆဲ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ High Level Week မှာ ကမ္ဘာတလွှားရှိ အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ နိုင်ငံကိုယ်စားပြု မိန့်ခွန်းပြောခဲ့ကြပေမယ့် စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံနဲ့ တာလီဘန်တွေ အုပ်ချုပ်နေတဲ့ အာဖဂန်နစ္စတန်တို့ကတော့ ၂ နှစ်ဆက်တိုက် မိန့်ခွန်းပြောကြားခွင့်မရရှိခဲ့လည်းဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂကိုယ်စားလှယ်အကဲဖြတ်ရေးကော်မတီ(Credentials Committee)က ကိုယ်စားပြုခွင့်အပြိုင်တင်သွင်းခဲ့ကြတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ NUG တို့ရဲ့လျှောက်ထားမှုကို ဘယ်သူ့မှလက်မခံဘဲ ရွှေ့ဆိုင်းခဲ့ပြီး အရပ်သားအစိုးရခန့်အပ်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့တာပါ။

ဒါပေမဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ High Level Week မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ နိုင်ငံကိုယ်စားပြုမိန့်ခွန်းတော့ပြောကြားခွင့်မရခဲ့ပါဘူး။အလားတူ ဒီနှစ်မှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ လက်ရှိကျင်းပနေတဲ့ ၇၇ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့မျက်နှာစုံညီအစည်းအဝေးတွေကိုတက်ရောက်နေပေမယ့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနဲ့ မိန့်ခွန်းပြောကြားခွင့်မရခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အခုနှစ် ကုလသမဂ္ဂကိုယ်စားလှယ်အကဲဖြတ်ရေးကော်မတီက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားပြုခွင့်ကို ပြန်လည်ဆုံးဖြတ်ပေးရဖို့ ရှိနေပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရဦးမှာပါ။

ကုလသမဂ္ဂကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုနေတဲ့ လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်လက်ခံရုံနဲ့ မလုံလောက်ဘဲ ပြည်သူရွေးကောက်ခံကိုယ်စားလှယ်အမျာ

စုနဲ့စုဖွဲ့ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပါ တရားဝင်အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ ထောက်ပြတိုက်တွန်းထားပါတယ်။

ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူလူထု၊ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကုလသမဂ္ဂအနေနဲ့ NUG နဲ့ ပြည်သူ့သံအမတ်ဦးကျော်မိုးထွန်းတို့ကိုလက်ခံဖို့၊ အာဏာရှင်ကို ငြင်းဆန်ဖို့ တောင်းဆိုထားကြပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းကတော့ ကုလသမဂ္ဂကိုယ်စားလှယ်အကဲဖြတ်ရေးကော်မတီက ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘဲ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာပြည်သူလူထုရဲ့တောင်းဆိုလိုလားချက်များကို လျစ်လျစ်ရှုမှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း People’s Spring နဲ့သီးသန့်အင်တာဗျူးမှာပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...