Connect with us

Hi, what are you looking for?

သတင်း

သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံ့ခေါင်းဆောင်တွေအဖြစ် ကုလ ဆက်လက် အသိအမှတ်ပြု

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

ဧပြီ-၃၊ ၂၀၂၆။ သော်မွန်/People’s Spring

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

မနေ့က ဧပြီ ၂ရက် နေ့စွဲနဲ့ အများပြည်သူသိရှိအောင် ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အရပ်သားအစိုးရခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို မြန်မာနိုင်ငံရဲ့နိုင်ငံ့ခေါင်းဆောင်၊ အကြီးအကဲတွေအဖြစ် ဆက်လက်အသိအမှတ်ပြုထားတာလည်း ဖြစ်ပါတယ်။

လက်ရှိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် အသိအမှတ်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့(ဧပြီ ၃ရက်) နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် စိတ်ကြိုက်ဖွဲ့စည်းထားတဲ့ လွှတ်တော်ကနေ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်ခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းယူခဲ့ပါတယ်။ လက်ရှိထိလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားဆဲပါ။

စစ်တပ်အာဏာသိမ်းမှုကို ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက ကန့်ကွက်ရှုတ်ချပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းမှုမှာပါဝင်ပတ်သက်သူတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ နယူးဇီလန် စတဲ့နိုင်ငံတွေက ပိတ်ဆို့အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ ‘OUR PRESIDENT’(ငါတို့ရဲ့သမ္မတကြီး)လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကလည်း နေပြည်တော်မှာ စစ်ခေါင်းဆောင်သမ္မတလုပ်တာကို စိတ်မဝင်စားကြောင်းနဲ့ သူ့ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ပြည်သူတွေက မသတ်မှတ်ကြောင်း မှတ်ချက်ပြုပါတယ်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)က ‘ပြည်သူကို မတရားဗုံးကြဲ၊ သတ်ဖြတ်သူကို သမ္မတအဖြစ် ရွေးကောက်၍ မရ၊ တရားခွင်သို့သာ ပို့ရမည်’လို့ နေပြည်တော်မှာ မင်းအောင်လှိုင် သမ္မတဖြစ်အပြီး ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။